မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် ကိုရီးယားထုတ်ကုန်၊ သွင်းကုန်ဘဏ်က ချေးငွေဒေါ်လာ သန်း ၁၀၀ ပေးရန် သဘောတူလက်မှတ်ထိုး
၅၀၀ ကေဗီမဟာဓာတ် အားလိုင်း စီမံကိန်းအတွက် ကိုရီးယားနိုင်ငံ
ထုတ်ကုန်သွင်းကုန် ဘဏ်က မြန်မာနိုင်ငံ အစိုးရသို့ ချေးငွေ
ဒေါ်လာသန်းတစ်ရာပေးရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာ ၇
ရက်တွင် ပြုလုပ်ခဲ့သည်။
ယင်းချေးငွေသည် မြန်မာ နှင့် ကိုရီးယားအစိုးရတို့ကြား သဘောတူထားသည့် စီးပွားရေး ဖွံ့ဖြိုးမှု ရန်ပုံငွေအောက်မှ ချေး ယူခြင်း ဖြစ်သည်။ ယခုချေးငွေကို တောင်ငူ- ပဲခူး မဟာဓာတ်အားလိုင်းပိုင်း စီမံကိန်းအတွက် ဆောင်ရွက်မည် ဖြစ်သည်။
‘‘အခုစီမံကိန်းက လျှပ်စစ် ဓာတ်အား ပမာဏအမြောက်အ မြား သယ်ဆောင်ပို့လွှတ်နိုင်မယ်။ ဓာတ်အားပျောက်ဆုံးမှု လျော့ကျနိုင်မယ်။ ဗို့အား တည်ငြိမ် နိုင်မယ်။ ဓာတ်အားပြတ်တောက် တာ လျော့နည်းနိုင်မယ်’’ ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောသည်။
ကိုရီးယားအစိုးရက အစိုးရ သစ်လက်ထက်တွင် မြန်မာနိုင်ငံ သို့ အကူအညီပေးသည့် လုပ်ငန်း များပြန်လည် စတင်သည့် နောက် ပိုင်း မြန်မာနိုင်ငံဘက်မှ အဓိက ထားဆောင်ရွက်လိုသော လျှပ် စစ်ကဏ္ဍလုပ်ငန်းစဉ်များ၌ ပါဝင် ဆောင် ရွက်လိုသည်။ ၅၀၀ ကေဗီမဟာ ဓာတ်အားလိုင်း စီမံကိန်းမှာစီး ပွားရေးဖွံ့ဖြိုးမှု ရန်ပုံငွေအစီအ စဉ် ပထမအကြိမ် ချေးငွေ စီမံကိန်းအဖြစ် ဆောင်ရွက်ခွင့်ရခြင်း ဖြစ်ကြောင်း ကိုရီးယားထုတ် ကုန်သွင်းကုန်ဘဏ် ဥက္ကဋ္ဌ Mr.Lee Duk-Hoon က ပြော သည်။
‘‘ဒီမဟာဓာတ်အားလိုင်း စီမံ ကိန်းက မြန်မာနိုင်ငံ ရန်ကုန်မှာ ကာလကြာရှည်စွာ ဖြစ်ပေါ်ခဲ့တဲ့ လျှပ်စစ်ဓာတ်အား လိုအပ်မှုကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်’’ ဟု ၎င်း က ဆက်ပြောသည်။
၅၀၀ ကေဗီဓာတ်အားလိုင်း သည် Single Circuit တွင် ၂၀၀၀ မဂ္ဂါဝပ်ပို့လွှတ်နိုင်ပြီး Double Circuit တွင် ၄၀၀၀ မဂ္ဂါဝပ်ပို့ လွှတ်နိုင်မှာဖြစ်ပြီး လက်ရှိမြန်မာ နိုင်ငံတွင် ၂၃၀ ကေဗီဓာတ်အား လိုင်းသာ ရှိသည်။ မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ် အား သုံးစွဲမှုမှာ ၄၃၆၂ ဒသမ ၅ မဂ္ဂါဝပ် ရှိသည်။
No comments:
Post a Comment