November 13, 2014

ဝန်ထမ်းတွေ လစာတိုးဖို့ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်း

အစိုးရဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကို လစာ တိုးပေးဖို့အတွက် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဒီနေ့ နံနက်ပိုင်း (နိုဝင်ဘာ ၁၂) မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးတွေရဲ့ ခံစားခွင့်တွေကိုလည်း ပြန်ချိန်ပြီး သင့်တင့်မျှတတဲ့ ခံစားခွင့်တွေ ဖြစ်စေဖို့ ဆိုတဲ့အဆိုကိုလည်း ပူးတွဲတင်သွင်း လိုက်ပါသေးတယ်။

ဒီအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံခဲ့ပြီး အစိုးရက အတည်ပြုပေးခဲ့တယ်လို့ The Voice ရဲ့ လွှတ်တော် သတင်းထောက်က သတင်းပေးပို့ပါတယ်။

လာမယ့် (၁၂) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒီအဆိုနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ညှိနှိုင်းကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း အသက်ဝင်ဖို့ ကြိုးစားပေးမယ်လို့ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကတိပြုခဲ့တယ်လို့လည်း The Voice သတင်းထောက်က သတင်းပေးပို့ပါတယ်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/4012-wdt#sthash.tuaD7yG1.dpuf

No comments:

Post a Comment