နေပြည်တော်မှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံကို
တက်ရောက်မယ့် နိုင်ငံ့ ခေါင်းဆောင်တွေ ရန်ကုန်မြို့ကို ဒီနေ့စတင်
ရောက်ရှိနေပြီ ဖြစ်တာကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့
ရန်ကုန်တိုင်း အတွင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား တိုးမြှင့် ချထား
ပါတယ်။
အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိတာကြောင့်
အာဆီယံ ထိပ်သီး အစည်းအဝေးမှာ လုံခြုံရေး မကျိုးပေါက်နိုင်ဖို့
ရဲတပ်ဖွဲ့ဝင်အင်အား ထပ်တိုးချထားတာလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
ရဲမှူးချုပ် စိုးမြင့်က ပြောပါတယ်။
"အာဆီယံ ဆက်စပ်အစည်းဝေးတွေ လုပ်ပြီလေ၊ ဒီအစည်းအဝေးနဲ့ပဲ ဖြစ်ဖြစ်
ဒါမျိုးနဲ့မဟုတ်တိုက်ခိုက်တာ ဒုတိယခေါင်းဆောင် ကြေညာချက်နဲ့ပဲဖြစ်ဖြစ်
ကျနော်တို့ ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တဲ့အတွက် လေဆိပ်တွေ
နောက်နိုင်ငံတကာဝင်ပေါက် ထွက်ပေါက်တွေမှာ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါတယ်၊
တက်ရောက်လာမဲ့ အစည်းအဝေး ကိုယ်စားလှယ်တွေကိုတော့ သက်ဆိုင်ရာလုံခြုံရေး
အဖွဲ့အစည်းတွေအသီးသီး တာဝန်ပေးအပ်ပြီးတော့ လုပ်ပါတယ်၊ ရန်ကုန်မြို့ကတော့
နိုင်ငံတကာ ဝင်ပေါက်တစ်ခုလည်းဖြစ်တယ်၊ နိုင်ငံတကာ လေဆိပ်လည်းရှိတဲ့အတွက်
လူကြီးများလည်း တထောက်နားမဲ့နေရာဖြစ်သလို တခြားသောနိုင်ငံတကာ ဧည့်သည်တွေ
ဝင်ထွက်နေမှာ ဖြစ်သည့်အတွက် ဒီမှာတော့ သင့်တင့်လျောက်ပက်တဲ့ စီမံကိန်းတွေ
ဆောင်ရွက်ထားပြီးဖြစ်ပါတယ်"
နေပြည်တော်တ၀ိုက်က လုံခြုံရေးချထားမှုအခြေအနေကို ပြည်ထဲရေးဝန်ကြီးဌာနက
စစ်ဆေးထားပြီး အစည်းအဝေးတက်ရောက်မယ့် နိုင်ငံ့ခေါင်းဆောင်တွေရဲ့
လုံခြုံရေးကို သက်ဆိုင်ရာလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက
တာဝန်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို နေပြည်တော်မှာ ဒီနေ့ကစတင် ကျင်းပနေပြီဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဧည့်စာရင်းစစ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာ RSO
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအကြမ်းဖက် လက်နက်ကိုင် အဖွဲ့က ဖောက်ခွဲရေးသမား ၎
ဦး ရောက်ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့က အဲဒီ ၎
ဦးရဲ့ ဓါတ်ပုံပါစာရွက်တွေကို နေရာအတော်များများမှာ ကပ်ထားပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
No comments:
Post a Comment