ရန်ကုန် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ် ပအိုဝ်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ရေမြေတောတောင်နှင့် သဘာဝရှုခင်းများ
ကြွယ်ဝပြီး သာယာမျှတ သော ရာသီဥတုရှိသည့် ပင်လောင်းမြို့ကို
အပန်းဖြေ စခန်းမြို့အဖြစ် တည်ဆောက်သွားမည်
ဖြစ်ပြီး နေပြည်တော် - ပင် လောင်း - အင်းလေး ဒေသအထိ အပန်းဖြေခရီးစဉ် တစ်ခု
ပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပင်လောင်းမြို့သည်
ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၈ဝဝ တွင် တည်ရှိပြီး သင့်တင့်မျှတသော
ရာသီဥတု ရှိသည်။ ပင်လောင်းမြို့နယ် တောင်ကျကျေးရွာ အနီး၌ ရေပူစမ်း
အပန်းဖြေစခန်းများ တည်ရှိပြီး ပင်လောင်းမြို့နယ် အတွင်း ၌
ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ တည်ရှိခြင်းတို့ကြောင့် အပန်းဖြေ
စခန်းမြို့အဖြစ် တည်ဆောက်သွား ရန် စီစဉ်နေကြောင်း သိရသည်။
တောင်ပေါ် အပန်းဖြေစခန်းမြို့ ဖြစ်လာမည့်
ပင်လောင်းမှ ညောင်ရွှေမြို့နယ် အင်းလေးကန်နှင့် ဖောင်တော်ဦး ဘုရားသို့
အလွယ်တကူသွားလာ ဖူးမြော်နိုင်သည့်အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) အထင်ကရ
မြို့တော်ဖြစ် သည့် တောင်ကြီးမြို့ သို့လည်း အချိန်တိုအတွင်း
သွားလာနိုင်ခြင်းတို့ကြောင့် အဆိုပါ နေပြည်တော်- ပင်လောင်း- အင်းလေး
ခရီးစဉ်သစ်မှာ အောင်မြင်မှုရမည်ဟု ခရီးသွားလာရေး အေဂျင်စီများက
မှန်းဆထားကြသည်။ ယင်းသို့ တောင်ပေါ်အပန်းဖြေ စခန်းမြို့ အဖြစ် တည်ဆောက်ရန်
လျာထား စီမံကိန်းမြေကို ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေ ပြီဖြစ်ကြောင်း
သိရသည်။
ယင်းအပြင် ပင်လောင်းမှတစ်ဆင့်
အင်းလေးဒေသသို့ သွားရောက်နိုင်ရန် နေပြည်တော်- တပ်ကုန်း-
ပင်လောင်းလမ်းကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ
ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်ပန်း- ပင်လောင်း- လွိုင်ကော် လမ်းပိုင်း
အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ၊ ဆက်သွယ်ရေး လွယ်ကူလျင်မြန်စေရန်
တာဝါတိုင်များ တိုးချဲ့ခြင်းနှင့် ကုန်စည်ဒိုင် တည်ဆောက် ခြင်းများ
လုပ်ကိုင် ဆောင်ရွက်လျက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/54582-2014-11-12-13-26-35

No comments:
Post a Comment