အာဆီယံထိပ်သီးအ
စည်းအဝေးတွင် တွေ့ဆုံကြမည့် မြန်မာနှင့် ထိုင်းအစိုးရခေါင်း
ဆောင်များအနေဖြင့် ထားဝယ်အ ထူးစီးပွားရေးဇုန်နှင့် ပတ်သက် သည့် ပြဿနာများ
တာဝန်ယူဖြေ ရှင်းပေးရန်၊ ပွင့်လင်းမြင်သာမှုကို အာမခံပေးရန်နှင့်
အီတာလျံ-ထိုင်းကုမ္ပဏီ၏ ပါဝင်ပတ်သက်မှုဆိုင် ရာ သတင်းအချက်အလက်များ
ထုတ်ပြန်ပေးရန် ထားဝယ်ဖွံ့ဖြိုး ရေးအဖွဲ့က တောင်းဆိုသည်။
အီတာလျံ-ထိုင်းကုမ္ပဏီက ထားဝယ်အထူးစီးပွားရေးဇုန်စီမံ ကိန်းအကောင်အထည်ဖော်ခဲ့ သည့် ကာလတွင် မြေယာသိမ်း ဆည်းမှု၊ မျှတမှုမရှိသော လျော် ကြေးနှင့် နေရာပြောင်းရွှေ့လယ်ယာမြေနှင့် သစ်တောများအား ဆုံးရှုံးမှုအတွက် နစ်နာကြေးမရရှိမှု စသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပြဿနာများဖြစ် ပေါ်ခဲ့ပြီး ဒေသခံများ၏ လူမှု၊ စီး ပွားဘ၀များ ထိခိုက်ခဲ့ကြောင်း အထက်ပါအဖွဲ့က ဆိုသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအ နေများကို တာဝန်ယူခြင်းမရှိခဲ့ သော အီတာလျံ−ထိုင်းကုမ္ပဏီအနေဖြင့် ၇၅ နှစ်သက်တမ်းရှိသော လုပ်ပိုင်ခွင့်အသစ် ပြန်လည်ရရှိမည်ဟု သတင်းထွက်ပေါ်နေခြင်း ကို ဒေသခံများက စိုးရိမ်ပူပန်နေကြောင်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။
‘‘ကျွန်တော်တို့က စီမံကိန်း ကို ဆန့်ကျင်နေတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဖြစ်ခဲ့တဲ့ ဆိုးကျိုးနဲ့ ထိခိုက်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနဲ့ လုပ် ဆောင်ဖို့ တောင်းဆိုနေတာပါ။ အီတာလျံ−ထိုင်းက သူတို့နဲ့မဆိုင် တော့ဘူးပြောတယ်။ နောက်သူ တို့ကပဲ ထားဝယ်စီမံကိန်း ကနဦး အဆင့်အတွက် တင်ဒါအောင်ပြီ လို့ ကြေညာတယ်။ ဘာလို့ဒီလို ဖြစ်ရတာလဲ’’ဟု ထားဝယ်ဖွံ့ဖြိုး ရေးအဖွဲ့မှ ညှိနှိုင်းရေးမှူး ဦးသန့် ဇင်က ပြောသည်။
မြန်မာနှင့် ထိုင်းအစိုးရတို့ အနေဖြင့် ထားဝယ်အထူးစီးပွား ရေးဇုန်ကိစ္စများအတွက် တိုက် ရိုက်တာဝန်ရှိနေပြီး နေပြည်တော်တွင် ကျင်းပမည့် အာဆီယံထိပ် သီးအစည်းအဝေးသည် ပြဿနာ များ ဆွေးနွေးအဖြေရှာရန် အခွင့် အလမ်းဖြစ်ကြောင်း ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ကပြောသည်။
7daydaily.com/story/24743#.VGLVAVcYuM8

No comments:
Post a Comment