ရန်ကုန်တိုင်း
ဒေသကြီး အတွင်းရှိ စက်မှုဇုန် မြေကွက်အချို့ကို ပြန်လည် ရောင်းချမှုများ
ရှိနေကြောင်း စက်မှုဇုန်များ အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စက်မှုဇုန်များ အတွင်းရှိ
မြေကွက်များကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ဆုံးထား၍ အဆောက်အအုံ
မဆောက်ပါက နိုင်ငံတော်မှ ပြန်လည် သိမ်းဆည်းမည် ဆိုသည့် သတင်းများ
ထွက်ပေါ်နေခြင်းကြောင့် လုပ်ငန်း လုပ်ကိုင်နိုင်ခြင်း မရှိသော
လုပ်ငန်းရှင်များက ပြန်လည် ရောင်းချလာကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရောင်းချ သည့် အခါတွင်လည်း စက်မှုဇုန် မြေကွက်များမှာ
ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးများဖြင့်သာ အရောင်းအဝယ် ဖြစ်ပေါ်လျက်
ရှိကြောင်းသိရသည်။
နိုင်ငံတော် အနေဖြင့် စက်မှုဇုန်များ
အတွင်းရှိ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသော မြေကွက်များကို ယင်းကဲ့သို့
ထုတ်ပြန်ပြီး အရေးယူမှုများ ဆောင်ရွက်ခြင်းသည် ဝယ်ယူထားပြီး မြေယာဈေး
ကစားသူများအား ပပျောက်အောင် လုပ်ဆောင် ရာ ရောက်ကြောင်း သိရသည်။
လက်ရှိတွင် ရွှေပြည်သာ စက်မှုဇုန်ဇုန်(၁)
အတွင်းရှိ စက်မှုဇုန် မြေဈေးများမှာ တစ်ဧကလျှင် ငွေကျပ် သိန်း ၅၅ဝဝ မှ
ငွေကျပ် သိန်း ၆ဝဝဝ ဝန်းကျင်အထိ ခေါ်ယူထားပြီး ဇုန်(၄)သည်
အင်းစိန်မြို့နယ်နှင့် နီးသောကြောင့် အရောင်းအဝယ် ပိုမို ကောင်းမွန်လျက်
ရှိကြောင်း သိရသည်။
အဆိုပါ မြေကွက်များသည် တစ်ဧကလျှင် ငွေကျပ်
သိန်း ၂၃ဝဝ ဝန်းကျင်သာ ဈေးခေါ်ထားပြီး ရွှေပြည်သာ စက်မှုဇုန်(၁) အတွင်းရှိ
မြေကွက်များထက် ဈေးနှုန်းလျော့နည်းခြင်းကြောင့် ဝယ်ယူသူများ ပိုမို
အကြိုက်တွေ့လျက် ရှိကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/54452-2014-11-11-09-48-50
No comments:
Post a Comment