တရုတ်နိုင်ငံသို့ မြန်မာ့ဆန် တင်ပို့ပါက ဆန်ထုပ်ပိုးရာတွင် အိတ်အသစ်ကို အသုံးပြုရမည် ဖြစ်ကာ
ဆန်ထုပ်ပိုးသည့် သေတ္တာနှင့် အိတ်များတွင်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဟူသော အမှတ်အသားနှင့် ဆန် အုပ်စု၊
ကြိတ်ခွဲသည့်စက်ရုံ၊ တင်ပို့သူအမည် လုပ်ငန်း မှတ်ပုံတင်နှင့် ကုမ္ပဏီ
လိပ်စာများကို မြန်မာ-တရုတ် နှစ် ဘာသာဖြင့် ဖော်ပြရမည် ဖြစ်ကြောင်း သိရသည်။
တရုတ်သို့ မြန်မာ့ဆန် တရားမဝင် တင်ပို့မှုကို တရုတ်ဘက်မှ ပိတ်ပင်၍
အရေးယူမှုများ ပြုလုပ်မည် ဖြစ်သောကြောင့် တရုတ်သို့ မြန်မာ့ဆန်
တင်ပို့မှုများ ရပ်ဆိုင်းထားကာ တရားဝင် တင်ပို့နိုင်ရန် မြန်မာဘက်မှ ကုန်သည်
လုပ်ငန်းရှင်များ အနေဖြင့် အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။
''အဓိကကတော့ တရုတ်ဈေးကွက်ကို မြန်မြန် ရောင်းနိုင်ဖို့ ပြင်ဆင် နေတယ်။
ဖြစ်နိုင်ရင် ဒီဇင်ဘာလလောက်မှာ ရောက်နိုင်ဖို့ ကြိုးစားနေတယ်။ တရုတ်ကလည်း
လက်ခံ သဘောတူတယ်။ ကုမ္ပဏီလိပ်စာ ရေးထိုးနိုင်ဖို့ကိုလည်း ဒီတစ်လ၊ နှစ်လ
အတွင်းမှာ လုပ်ဆောင် သွားမှာပါ'' ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ
အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။ ဆန်ကို အမြန်ဆုံး တင်ပို့နိုင်ရန်
ဆောင်ရွက်လျက်ရှိပြီး လိုအပ်နေသော အရည်အသွေးပိုင်းပြင်ဆင်မှုများ
ပြုလုပ်ခြင်း၊ စပါးရိတ်သိမ်းမှု အပိုင်းများ၊ သိုလှောင်မှု အပိုင်းများနှင့်
ပိုးမွှားကင်းစင်မှု စသည့် အပိုင်းများကို စနစ်တကျ ပြုလုပ် နေသော် လည်း
အခက်အခဲများ ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ အပြင်
အခြား ဥရောပနိုင်ငံများရှိ ဈေးကွက်အထိပါ ဆန်တင်ပို့နိုင်ရန် စီစဉ်သွားမည်
ဖြစ်ကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/54611-2014-11-13-09-37-59
No comments:
Post a Comment