November 13, 2014

ဒသမမြောက် တရုတ်နိုင်ငံတကာ လေကြောင်းပြပွဲတွင် ကုမ္ပဏီပေါင်း ၇၀၀မှ လေယာဉ်၁၂၀ ကျော်ပြသမည်

ဒသမမြောက် တရုတ်နိုင်ငံတကာ လေကြောင်းပြပွဲ၏ အစိတ်အပိုင်းအဖြစ် နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်ကြား တရုတ်တောင်ပိုင်း၊ ကွမ်တောင်းပြည်နယ် ကျူဟိုင်းမြို့တွင် တရုတ်နှင့်ပြည်ပနိုင်ငံများမှ ကုမ္ပဏီ ၇၀၀ နီးပါးက လေယာဉ် ၁၂၀ ကျော်ကို ပြသလိမ့်မည်ဟု သိရသည်။
Female-Pilot
တရုတ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး တိုက်လေယာဉ်မှူးများကို တွေ့မြင်ရစဉ်။ (ချိုင်းနားဒေးလီး)
Airshow China ဟုပိုမိုသိရှိကြသော အဆိုပါလေကြောင်းပြပွဲကို ၁၉၉၆ ခုနှစ်ကတည်းက စုံခုနှစ်ကျသောနှစ်တိုင်း ကျူဟိုင်းတွင် ကျင်းပလာခဲ့ပြီး တရုတ်ဗဟိုအစိုးရနှင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့က ကမကထလုပ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယခုပြပွဲမှာ တရုတ်၌ အကြီးမားဆုံးလေကြောင်းနှင့် ကာကွယ်ရေးထုတ်ကုန်ပစ္စည်းပြပွဲဖြစ်သည်ဟု ကျူဟိုင်းမြို့တော်ဝင်နှင့် ကျင်းပရေး ကော်မတီ၏ အမှုဆောင်ဒါရိုက်တာ ဟေနင်ကာက ပြောကြားခဲ့သည်။
ယခုနှစ်ပြပွဲ၌ တရုတ်နိုင်ငံ၏လေကြောင်းပညာနောက်ဆုံးတိုးတက်မှုများနှင့် ကကွယ်ရေးနည်းပညာများကိုတွေ့မြင်ရမည်ဟု ကျင်းပရေးကော်မတီ၏ ကြေညာချက်တစ်ခုတွင်ဖော်ပြထားသည်။ ထို့အပြင် နိုင်ငံ၏ဦးဆောင်လေယာဉ်ထုတ်လုပ်သူ Aviation Industry Corp of China (AVIC) မှထုတ်လုပ်သော လေယာဉ်အစီး ၃၀ ကျော်လည်း ပြပွဲများ၌ ပါဝင်ပြသမည်ဟု သိရသည်။
တခြားကျော်ကြားသော လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီများဖြစ်သော ဘိုးအင်း၊အဲယားဘတ်စ်၊ရို့စ်ရွိုက်စ်၊ဟန်နီဝဲလ်နှင့် ဆက်ဖ်ရန်တို့လည်း ပြပွဲသို့တက်ရောက်မည်ဖြစ်ပြီး ဒုံးကျည်၊ သံချပ်ကာယဉ်များ အပါအ၀င် ၎င်းတို့၏ နောက်ဆုံးပေါ်လေကြောင်းစစ်ဘက်နည်းပညာများကို ပြသကြမည်ဖြစ်သည်။ ယခုနှစ် ပြပွဲအားဖမ်းစားမည့် လေယာဉ်မှာ AVIC ၏ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ် j-31 Gyrfalcon ဖြစ်သည်။
၎င်းလေယာဉ်တွင် အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး ရေဒါကို ရှောင်လွှဲနိုင်သည်ဟု သိရသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/32265-2014-11-12-03-25-55

No comments:

Post a Comment