ယခုနှစ်အတွင်း အရှေ့တောင် အာရှနိုင်ငံ များ၌ ရုံးခန်းများ ငှားရမ်းရာတွင်
ရန်ကုန်မြို့၌ ပျမ်းမျှအားဖြင့် ၁ မီတာ ပတ်လည်လျှင် အမေရိကန် ဒေါ်လာ ၈၇
ဒေါ်လာနှုန်း ပေါက် နေသဖြင့် ကမ္ဘာတစ်ဝန်း ၌ ဈေးအကြီးဆုံး ငှားရမ်းခ
ဖြစ်နေကြောင်း အိမ်ခြံမြေ ဈေးကွက် ဆိုင်ရာ သုတေသန အဖွဲ့ တစ်ခုဖြစ်သည့်
Colliers International အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ နှုန်းထားမှာ ရုံးခန်းများ ငှားရမ်းရာတွင် ဒုတိယ ဈေးအကြီးဆုံး
ဖြစ်သည့် စင်ကာပူထက် ၂၁ ရာခိုင်နှုန်း မြင့်မားလျက် ရှိကာ ရန်ကုန်မြို့
အိမ်ခြံမြေ ဈေးနှုန်းများ ဆက်လက် မြင့်တက် လာမှုနှင့် ပတ်သက်၍ အိမ်ခြံမြေ
ဈေးကွက် ပူဖောင်း ဖြစ်ပေါ်နေခြင်း ရှိ၊ မရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး
အိမ်ခြံမြေ ရှာဖွေရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် House.com.mm မှ
လေ့လာမှုများ အရ ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက် ရာတွင်
ရုံးခန်း၊ လူနေအိမ်ခန်း ငှားရမ်းမှုများ ပိုမိုမြင့်တက် လာမှုကလည်း
အကြောင်းအရင်း တစ်ရပ်အဖြစ် ပါဝင်ကြောင်း သိရသည်။
''ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးနှုန်းတွေဟာ မြင့်မားတဲ့ နှုန်းထား ဖြစ်နေ
ပေမယ့်လည်း အိမ်ခြံမြေ ဈေးကွက်က လေသွင်းတိုင်း ကြီးကြီးလာတဲ့ ပူဖောင်းလို
ဖြစ်နေတယ် လို့တော့ပြောလို့ မရနိုင်ဘူး။ အခြား နိုင်ငံတွေမှာ အိမ်ခြံမြေ
ဈေးကွက် ပူဖောင်း ဖြစ်လာတယ် ဆိုတာက ဘဏ်ချေးငွေ တွေနဲ့ အပြိုင်အဆိုင်
ဝယ်ယူကြလို့ ဈေးတွေတက်ပြီး ဖြစ်လာ ကြတယ်။ ပြန်မဆပ် နိုင်တဲ့အခါမှာ
ရရာဈေးနဲ့ ရောင်းချရပြီး စီးပွားရေးကို ထိခိုက် စေတာပါ။ မြန်မာနိုင်ငံမှာ
ကျတော့ အိမ်ခြံမြေ ဝယ်ယူမှု ပုံစံဟာ ခြားနားနေ ပါတယ်'' ဟု House.com.mm ၏
မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာ Mr.Jan Sommerfeld က ပြောသည်။
လက်ရှိအချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းရှင် များမှ ဈေးကွက် လိုအပ်ချက်ကို
ဖြည့်ဆည်းနိုင်ရန ကြိုးစားနေကြ သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများမှာ
အချိန်များစွာ ကြာမြင့်နေပြီး ဈေးကွက် လိုအပ်ချက် မှာလည်း လွန်စွာမြင့်မား
သောကြောင့် ဖြည့်ဆည်း နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
http://myawady-myawady.blogspot.com/2014/11/blog-post_94.html
No comments:
Post a Comment