November 13, 2014

ကယန်းအလှရုပ်ရှင်ကိုရီးယားအာဆီယံ ရုပ်ရှင်ပွဲတော်တွင် ထပ်မံပြသခွင့်ရ

 မြန်မာနိုင်ငံ၏ သဘာဝ အလှတရားများစွာကို ဖော်ထုတ် ရိုက်ကူးထားသည့် ကယန်းအလှ ရုပ်ရှင်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်ကျင်းပမည့် ကိုရီး ယား အာဆီယံရုပ်ရှင်ပွဲတော်၌မြန်မာနိုင်ငံကိုယ်စားပြုပြသခွင့် ရရှိကြောင်း သတင်းရရှိသည်။
အဆိုပါရုပ်ရှင်ပွဲတော်တွင် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကယန်းအလှရုပ်ရှင်ပြသခွင့်ရမည်ဖြစ်ပြီး ယင်းရုပ်ရှင် ကို အမေရိကန်နိုင်ငံတွင် တစ် ကြိမ်၊ ရွှေကြက်ဖရုပ်ရှင်ပွဲတော် တွင်တစ်ကြိမ်၊ မြောက်ကိုရီးယား ရုပ်ရှင်ပွဲတော်တွင်တစ်ကြိမ်၊ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သော ရုပ်ရှင်ပွဲတော်တွင်တစ်ကြိမ် ပြသခဲ့ပြီး ရှေ့လတွင်လည်း အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် Bain-bridge ရုပ်ရှင်ပွဲတော်တွင် ထပ်မံပြသခွင့်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အခုလို ပြသခွင့် ထပ်မံရွေး ချယ်ခံရလို့ အရမ်းဝမ်းသာပါ တယ်။ ဘာပဲပြောပြော လုပ်ရ ကျိုးနပ်ပါတယ်။ ကိုယ့်တိုင်းပြည် က ချပြချင်တာလေးတွေကို သူ များနိုင်ငံတွေကိုလည်း ချပြခွင့်ရ လို့ အရမ်းဝမ်းသာပါတယ်။ ဒီ နိုင်ငံက တိုင်းရင်းသားတွေကို လည်း သူများတွေက စိတ်ဝင်စား တာလည်းပါမယ်ထင်ပါတယ်။ အခုလို မြန်မာနိုင်ငံက ဇာတ်ကား တစ်ကားအရည်အသွေးကောင်း ကောင်းနဲ့ဖြစ်မြောက်ခဲ့လို့လည်း ဝမ်းသာမိပါတယ်’’ဟု ယင်း ရုပ်ရှင်ကို ခြောက်နှစ်ကြာ အချိန်ကုန်၊ ငွေကုန်ဖန်တီးခဲ့ရသည့် ဒါရိုက်တာအောင်ကိုလတ်က ပြောသည်။
အဆိုပါဇာတ်ကားတွင် ငွေရေးကြေးရေးအရ ဆုံးရှုံးခဲ့သော် လည်း ဂုဏ်သိက္ခာအတွက် ကျေ နပ်မိကြောင်း၊ ငွေရေး၊ ကြေးရေး ပြန်လည်အဆင်ပြေလာသည့် အချိန်တွင် ယင်းကဲ့သို့ ဇာတ်ကား ကောင်းများကို ထပ်မံ ဖန်တီးသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ အောင်ကိုလတ်က ပြောသည်။
ကယန်းအလှရုပ်ရှင်သည် ၂၀၁၃ တွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံရုပ်ရှင် ပွဲတော်တွင် ဒိုင်လူကြီးမင်းများ အကြိုက်နှစ်သက်ဆုံးဆု The Best of Jury Award ဆုရရှိခဲ့ပြီး ၂၀၁၂ အတွက် အကယ်ဒမီဆုပေးပွဲတွင်လည်း ဓာတ်ပုံပညာဆုနှင့် အကောင်းဆုံးအသံထူးချွန်ဆုကို ရရှိခဲ့သည်။
http://7daydaily.com/story/24719

No comments:

Post a Comment