November 19, 2014

ဇောတိကဓာတ်ငွေ့ပိုက်လိုင်း မြေမြှုပ်ခြင်းကို ကန့်ကွက်သော ဒေသခံများအား ကုမ္ပဏီတရားစွဲ

သဘာဝဓာတ်ငွေ့ပိုက် လိုင်းများ ဖြတ်သန်းရာ ကံပေါက် ဒေသတွင် ဥယျာဉ်ခြံမြေများ အတွက် လျော်ကြေးများအပြည့် အဝမရသေးသဖြင့် ဇောတိက ပိုက်လိုင်းမြေမြှုပ်ခြင်းကို ဒေသခံ များက နိုင်ဝင်ဘာ ၁၄ ရက်တွင် တားမြစ်ခဲ့ပြီး နောက်တစ်နေ့တွင် ကန့်ကွက်သူများကို အမှုဖွင့် လိုက်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်၊ ကံပေါက် ဒေသမှ ထိုင်းနိုင်ငံသို့သွယ်တန်း ထားသော သဘာဝဓာတ်ငွေ့ပိုက် လိုင်းများတွင် PTTEPI ကုမ္ပဏီမှ ဆောင်ရွက်နေသည့် ဇောတိက ပိုက်လိုင်းမြေမြှုပ်နေခြင်းနှင့်ပတ် သက်၍ ယင်းပိုက်လိုင်းဖြတ်သန်းရာလမ်းကြောင်းအနီးရှိ ဥယျာဉ် ခြံမြေများအား နစ်နာကြေးများ အပြည့်အဝ မပေးသေးသော ကြောင့်ဟုဆိုကာ နိုဝင်ဘာ ၁၄ ရက်ကကောင်းမှုကျေးရွာတွင် ဒေသခံများ သွားရောက်တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။
ကန့်ကွက်ခဲ့သော တောင်သူ၁၆ ဦးကို ကုမ္ပဏီက ပိုင်နက်ကျူးလွန်မှု၊ လုပ်ငန်းနှောင့်ယှက်မှုတို့ဖြင့် ကံပေါက်နယ်မြေရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။
ကံပေါက်ဒေသရှိ ကျေးရွာ များကို ဖြတ်သန်းပြီး ရတနာ၊ ရဲတံခွန်နှင့် ဇောတိကပိုက်လိုင်း များ ထိုင်းနိုင်ငံသို့ဆက်သွယ်ထား ရာ ရတနာနှင့် ရဲတံခွန်ပိုက်လိုင်း များအကြား ၅ မီတာသာကွာဝေး ပြီး ယင်းပိုက်လိုင်းများဖြတ်သန်း ရာ လမ်းကြောင်းအနီးရှိ ဒေသခံ များ၏ ဥယျာဉ်ခြံမြေများ သီးနှံပင် အမျိုးအစားအလိုက် လျော်ကြေး များပေးအပ်ခဲ့ကြောင်း သိရသည်။PTTEPI ကုမ္ပဏီမှ ဆောင် ရွက်သည့် ဇောတိကပိုက်လိုင်း သည် ရဲတံခွန်ပိုက်လိုင်းနှင့် အကျဉ်းဆုံးနေရာတွင် မီတာ ၂၀ ကွာဝေးသဖြင့် ဥယျာဉ်ဧရိယာ များစွာပါဝင်ခဲ့ပြီး ယင်းပိုက်လိုင်း နှစ်ခုကြားရှိ ဥယျာဉ်ခြံမြေများကို ကျပ်သိန်း ၅၀ စီသာလျော်ကြေးပေးသဖြင့် တောင်သူအချို့ လက်မခံကြောင်း သတင်းရရှိသည်။
ဒေသခံများသည် ယင်းနေ ရာများတွင်ရှိသော ဥယျာဉ်များ အတွက် အပင်လျော်ကြေးများပါ ပေးအပ်ရန် အောက်တိုဘာ အတွင်းက မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းဦးဆောင်ညွှန် ကြားရေးမှူးထံ တင်ပြထားသည်။
http://7daydaily.com/story/25007#.VGrSU1cYuM8

No comments:

Post a Comment