ရန်ကုန်−မလေးရှားနိုင်ငံ ပီနန် မြို့တွင် မြန်မာလုပ်သားတစ်ဦး
ထပ်မံအသတ်ခံခဲ့ရပြီး ၂၀၁၄ အတွင်း ပီနန်မြို့၌ အသတ်ခံရသည့် မြန်မာလုပ်သား ၂၀
ဦးအထိ ရှိနေကြောင်း မလေးရှားအစိုးရက တရားဝင်ကြေညာခဲ့သည်။
နိုဝင်ဘာ ၉ ရက်တွင် ပီနန် မြို့ ဘတ်တာဝေါ့၌ ဆောက်လုပ် ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင် နေသော အသက် (၃၄)နှစ်အရွယ် ကိုဟိန်းလတ်ကျော်သည် လည် ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေ ကြောင်း မလေးရှားနိုင်ငံ The Star သတင်းဌာနက ဖော်ပြထား သည်။
သေဆုံးသူကိုဟိန်းလတ်ကျော် သည် မလေးရှားနိုင်ငံတွင် တရား ၀င်နေထိုင်သူဖြစ်ကြောင်း သ တင်းရရှိသည်။
ကိုဟိန်းလတ်ကျော် အသတ် ခံရမှုအပါအ၀င် စုစုပေါင်း ၂၀ ဦး အထိရှိပြီဖြစ်ကြောင်း မလေးရှား အစိုးရ တရားဝင်ကြေညာချက်ကို မလေးရှား သတင်းဌာနများက ဖော်ပြထားသည်။
‘‘မလေးရှားမှာ မြန်မာတွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး အာဆီယံပွဲမှာ အာဆီယံဝန်ကြီး တွေလာတဲ့အချိန် မလေးရှားဝန် ကြီးလည်း လာမှာဆိုတော့ မြန်မာ အစိုးရအနေနဲ့ ဖိအားပေးတောင်း ဆိုသင့်တယ်’’ ဟု အိုဗာစတေး ဖောင်ဒေးရှင်း (မလေးရှား) မှ ဦး ချစ်ကောင်းက ပြောသည်။
ယခု လူသတ်မှုအပါအ၀င် ပီနန်မြို့တွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှု မြင့်တက်လာခြင်းသည် မလေးရှားနိုင်ငံသားများကြားတွင် ပြောစရာဖြစ်လာနေပြီး လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်မှာ တစ်ဦးထက်မကကြောင်း The Star သတင်းဌာနက ဖော်ပြထားသည်။
‘‘ပီနန်မှာ မြန်မာတွေ ဆက် တိုက်အသတ်ခံနေရတယ်။ ဒီမှာ နေတဲ့သူတွေလည်း အခုနောက် ပိုင်း အရမ်းသတိထားနေရတယ်။ ဖြစ်သွားတဲ့ လူသတ်မှုတိုင်းလည်း တစ်ခါမှ မိတယ်မရှိဘူး။ မြန်မာ အစိုးရအနေနဲ့ မလေးရှားရောက် မြန်မာလုပ်သားတွေအတွက် အ ကာအကွယ်ပေးသင့်ပါတယ်’’ ဟုပီနန်မြို့တွင်နေထိုင်သော မြန်မာ လုပ်သားတစ်ဦးကပြောသည်။
—Ref: Koreaboo
http://7daydaily.com/story/24748#.VGLU_1cYuM8

No comments:
Post a Comment