
အာဆီယံအဆင့် စီးပွားရေးစွန့်ဦး တီထွင်မှု အကောင်းဆုံးခြောက်ဆုအနက် မြန်မာနိုင်ငံမှ နည်းပညာအခြေပြု လုပ်ကိုင်နေသည့် Blue Ocean ကုမ္ပဏီကို ယနေ့ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် ဆုချီးမြှင့်ခဲ့သည်။
အာဆီယံအဆင့်
စီးပွားရေး စွန့်ဦးတီထွင်ဆု ရရှိသည့် Blue Ocean Operating Management
Company Limited (BOOM) ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က
ဆုလက်ခံရယူနေသည်ကို နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊
မဇ္ဈိမ)
အဆိုပါဆုကို စင်ကာပူနိုင်ငံမှ Uinted Oversea Bank အပါအဝင် လုပ်ငန်းလေးခုနှင့် ဖိလစ်ပိုင်လူမှုအခြေပြု လုပ်ကိုင်နေသည့်အဖွဲ့အစည်းတစ်ခုတို့လည်း ရွေးချယ်ခြင်းခံခဲ့ရသည်။
အာဆီယံအဆင့် စီးပွားရေးစွန့်ဦးတီထွင်မှု အကောင်းဆုံးဆု ရရှိသည့် မြန်မာနိုင်ငံမှ Blue Ocean ကုမ္ပဏီကို ရွေးချယ်ရာတွင် စွန်ဦး တီထွင်လုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်စွမ်းရည်၊ လုပ်ငန်းစတင်ချိန်မှ လက်ရှိအချိန်ထိ လုပ်ငန်းချဲ့ထွင်နိုင်သည့် အခြေအအနေတို့ကို ထည့်သွင်းစဉ်းစား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Blue Ocean Operating Management Company Limited (BOOM)သည် ၂၀၀၉ ခုနှစ်တွင် ၀န်ထမ်း၇ ယောက်ဖြင့် စတင်လည်ပတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဝန်ထမ်းအင်အား ၆၀၀ ဖြင့် လည်ပတ်နေကြောင်း ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။
ထို့အပြင် Runner up ၁၃ ဆုပေးရာတွင် City Mart holding ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က အမျိုးသမီး ခေါင်းဆောင်မှုဆု၊ မြန်မာ့လေကြောင်းမှ Cent ဆု၊ Fame ကုမ္ပဏီမှ စွန့်ဦးတီထွင် အကောင်းဆုံးဆု၊ ကမ္ဘောဇဘဏ်မှ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်မှုဆု၊ ရန်ကုန်အခြေစိုက် Kelvin Chian မှ အသေးစား၊ အလတ်စား လုပ်ငန်းစွမ်းဆောင်နိုင်မှုဆု စုစုပေါင်းငါးခု ရွေးချယ်ခြင်းခံရသည်။
အာဆီယံစီးပွားရေးဆိုင်ရာဆုများအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ ၅၀၀ ကျော် ရှိပြီး နောက်ဆုံးအဆင့်တွင် အရည်အချင်း ကိုက်ညီသည့် ကုမ္ပဏီ ၁၂၁ ခုရှိကြောင်း၊ ၎င်းအနက် မြန်မာကုမ္ပဏီ ၂၆ ခု ပါဝင်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဦးဝေဖြိုးက ပြောသည်။
အဆိုပါအာဆီယံဆုကို နှစ်စဉ် ရွေးချယ်လေ့ရှိပြီး မြန်မာကုမ္ပဏီများသည် ယခုနှစ်တွင် ပထမဆုံးအကြိမ် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/component/k2/item/32225-bule-ocean
No comments:
Post a Comment