အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ ဒုတိယမြောက်နေ့အစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြားနေစဉ်
ယခုနှစ်အတွင်း အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းကျော် ရှိခဲ့သော်လည်း အာဆီယံအပါအဝင် အာရှနိုင်ငံများအနေဖြင့် institutional reform ပြုလုပ်ရန် လိုအပ်နေသေးကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် (၁၁)ကြိမ်မြောက် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ၌ OECD မှ ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် အာဆီယံနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသည် ၎င်းတို့၏ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ပြီး အင်ဒိုနီးရှားအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၆ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိနေကြောင်း၊ ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ တည်ငြိမ်နေကြောင်း ဖော်ပြထားသည်။
“အခုလို ASEAN Business and Investment Summit ကို ကျင်းပခဲ့တဲ့အတွက် ဒီထိပ်သီးဆွေးနွေးပွဲကနေပြီးတော့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့နဲ့ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အထောက်အကူပြုတဲ့ တီထွင်ကြံဆမှုတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိအချိန်မှာ အာဆီယံနိုင်ငံတွေဟာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုရရှိနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ချိန်တည်းမှာပဲ လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုတွေကို အကဲဖြတ်နိုင်ဖို့လိုသလို လူမှုဘဝတွေကို သုံးသပ်နိုင်ဖို့နဲ့ အနာဂတ်အတွက် ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြောချင်တာက ကျွန်တော်တို့အနေနဲ့ လိုအပ်ချက်ရှိနေတဲ့ အသေးစားလုပ်ငန်းတွေကို ကူညီထောက်ပံ့မှုတွေ လုပ်သွားမှာဖြစ်သလို SMEs လုပ်ငန်းတွေ တိုးတက်လာမှလည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို ပညာရေးနဲ့ အလုပ်လက်မဲ့ကဏ္ဍတွေကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်”ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က (၁၁) ကြိမ်မြောက် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားတွင် ပြောကြားခဲ့ သည်။
အဆိုပါ report အရ လက်ရှိအချိန်တွင် OECD နိုင်ငံများ၏ စီးပွားရေးသည် အနည်းငယ်ငြိမ်နေသော်လည်း အာရှနိုင်ငံများဖွံ့ဖြိုးမှု အရှိန်အဟုန်ကောင်းလာကြောင်း၊ မကြာခင်က ထုတ်ပြန်ခဲ့သော Economic outlook for SouthEast Asia China and India တွင် ဖော်ပြထားသည်။ အာဆီယံနိုင်ငံများ၏ နှစ် စဉ် GDP ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်နှင့်အိန္ဒိယတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂ဝ၁၅ နှင့် ၂ဝ၁၉ ကြားတွင် ၆ ဒသမ ၅ ရာခိုင်နှုန်းကျော် ရှိလာမည်ဖြစ်ကြောင်း၊ ထို့အတွက် အာဆီယံနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်ရနေဦးမည်ဖြစ်ကြောင်း၊ ၂ဝ၁၅ နှင့် ၂ဝ၁၉ ကြား အာဆီယံနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပျမ်းမျှအားဖြင့် ၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေပြီဖြစ်ကြောင်း၊ အလားတူ ပြည်တွင်းပြည်ပdomestic and external risksများလည်း ရှိနေဦးမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေတစ်ရပ်သည် ပြုပြင်ပြောင်းလဲမှု၊ ဒေသတွင်း ချိတ်ဆက်နိုင်မှုနှင့် institutionတို့၏ အားကို ချဲ့ထွင် နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အာရှတွင် အကြီးဆုံးeconomy နှစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ၂ဝ၁၅ နှင့် ၂ဝ၁၉ ကြားတွင် အနည်းငယ်နှေးကွေးသွားပြီး ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း၊ အဓိကအကြောင်းရင်းများမှာ လူဦးရေပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှုအချို့ တစ်နေရာမှတစ်နေရာ ပြောင်းလဲစီးဆင်းမှုနှင့် စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ပညာရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၆ ဒသမ ၇ ရာခိုင်နှုန်းရှိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“အာရှနိုင်ငံတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းနေချိန်မှာ အခြား risks တွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ အပြင်က demand ကျဆင်းလာမှုနှင့် ဒေသတွင်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုလည်း ပါပါတယ်” ဟု OECD ၏ Deputy Secretary- General Rintaro Tamaki ကပြောကြားခဲ့သည်။
အလားတူ ၂ဝ၁၅ ခုနှစ်တွင် အကောင်အထည်ပေါ်လာမည့် AEC နှင့် ပတ်သက်၍လည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒချမှတ်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် public sector ကဏ္ဍများတွင် စွမ်းဆောင်ရည်တိုးမြှင့်ရန် လိုအပ်ကြောင်း၊ ဖော်ပြထားသည်။
http://www.news-eleven.com/business/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%81%8A-%E1%80%9C%E1%80%AC%E1%80%A1%E1%80%AD%E1%80%AF%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%80%E1%80%B1%E1%80%99%E1%81%BB%E1%80%AC%E1%80%92%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%81%8F-%E1%80%9A%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%96%E1%80%BC%E1%80%B6%E1%82%95%E1%81%BF%E1%80%96%E1%80%AD%E1%80%B3%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%99%E1%82%88
No comments:
Post a Comment