November 19, 2014

MPT ဖုန်းဘီလ် အများအပြား ဖြတ်တောက်ခံရလျှင် Call Center သို့ အကြောင်းကြားနိုင်ဟုဆို

လမ်းဘေးတွင် မိုဘိုင်းဖုန်း အသုံးပြုနေသူများ (ဓာတ်ပုံ− နစ်ကီ)
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း စက်ပိုင်းဆိုင်ရာ ချို့ယွင်း မှုဖြစ်ပေါ်ခဲ့ပြီး ဖုန်းအလုံးရေ တစ် ရာကျော်ခန့်အား ဖုန်းဘီလ်မှား ယွင်းဖြတ်တောက်မှုများ ဖြစ်ပေါ် ခဲ့သောကြောင့် ဘီလ်အများအ ပြား ဖြတ်တောက်ခံခဲ့ရပါက Call Center သို့ အကြောင်းကြားနိုင် ကြောင်း သတင်းရရှိသည်။
‘‘ပြီးခဲ့တဲ့ နှစ်ရက်လောက်က စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်သွားတာပါ။ ဖုန်းဘီလ်မှား ယွင်းဖြတ်တောက်မှု ဖြစ်ပေါ်ခဲ့တဲ့ လူတွေအနေနဲ့ ဖြစ်တဲ့နံပါတ်နဲ့ Call Center ကို အကြောင်းကြား နိုင်ပါတယ်။ System မှားယွင်းမှု ကြောင့် ဖြစ်ခဲ့တဲ့ နံပါတ်တွေဆို ရင် ဘီလ်ပြန်ထည့်ပေးတာမျိုး အထိ လုပ်ပေးသွားဖို့ ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။
အဆိုပါ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အခမဲ့ Call Center သို့ ခေါ်ဆိုပါက ဖုန်းဘီလ်အများအပြား ဖျက်ခံရသည့် ပြဿနာများနှင့် ဖုန်းဘီလ်ဖြည့်သွင်းပါက ငါးထောင်တန်ငွေဖြည့်ကတ်တွင် သုံးထောင်ခန့်သာဝင်သည့် ပြဿနာများကြုံတွေ့ရကြောင်း အသုံးပြုသူအချို့က ပြောသည်။
‘‘ပြီးခဲ့တဲ့ ရက်ပိုင်းက WCDMA (0925) ဖုန်းထဲကို ငါး ထောင်တန် တစ်ကတ်ဝယ်ပြီး ငွေဖြည့်တာ သုံးထောင်ပဲဝင်တယ်။ ဆိုင်ကိုသွားပြောတော့လည်း သူ တို့ဘက်က မှားတာမဟုတ်တဲ့အ တွက် Call Center ကိုပဲ ပြောပေး လို့ရမယ်ဆိုပြီး ပြောတယ်။ အခု လိုဖြစ်တာ ကျွန်တော့် အသိထဲမှာ သုံးယောက်လောက် တွေ့ရ တယ်’’ ဟု ငွေဖြည့်ကတ် ပြဿ နာ ကြုံတွေ့ခဲ့ရသူ ကိုထိန်ဝင်းက ပြောသည်။
 ထို့ကြောင့် ဖုန်းဘီလ် မှား ယွင်းဖြတ်တောက်ခံရမှုများ ဖြစ် ပေါ်ခဲ့ပါက MTP ၏ Call Center ဖြစ်သော ၁၀၆ နှင့် ရတနာပုံ Call Center ၁၈၇၉ သို့ ဆက်သွယ်၍ အကြောင်းကြားနိုင်ကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/25045#.VGrRWlcYuM8

No comments:

Post a Comment