
မြန်မာနိုင်ငံ
အလယ်ပိုင်းရှိ ကုန်းတွင်း လုပ်ကွက် တစ်ကွက်တွင် ရေနံတူးဖော်နေမှုကို
တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) ၂၀၁၅ ခုနှစ်အတွင်း လုပ်ကိုင်ခွင့် ပေးအပ်ရန်
ကျန်ရှိနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များကို
တင်ဒါခေါ်ယူမည်ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် တင်ဒါချထားပေးခဲ့သော ကုန်းတွင်း လုပ်ကွက် ၁၆ ကွက်နှင့်
၂၀၁၄ ခုနှစ်တွင် တင်ဒါချ ထားပေးခဲ့သော ကမ်းလွန်လုပ်ကွက် ၂၀ တို့၌
လာမည့်နှစ် မိုးရာသီမတိုင်မီ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာ ဖွေရေးလုပ်ငန်းများ
စတင်နိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် တင်ဒါအောင် ကုမ္ပဏီများအကြားသ
ဘောတူစာချုပ်များကို လက်ရှိအချိန်တွင် ချုပ်ဆိုဆောင်ရွက်နေသည်။ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်တွင် လုပ်ကွက် ၁၅ ကွက် တင်ဒါအောင် ကုမ္ပဏီများနှင့် ဝန်ကြီးဌာနအကြား စာချုပ်ချုပ်ဆိုပြီးစီးခဲ့ပြီး ကမ်းလွန်လုပ်ကွက်များတွင်လည်း မုတ္တမနှင့် တနင်္သာရီ ကမ်းလွန်လုပ်ကွက်များကို တင်ဒါအောင်ထားသည့်ကုမ္ပဏီနှင့် ဒီဇင်ဘာ ၄ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့သည်။
ကျန်ရှိသည့် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် တင်ဒါအောင် ကုမ္ပဏီများကို ယခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း စာချုပ်ချုပ်ဆိုရေး လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်း၊ ကမ်းလွန် လုပ်ကွက်အသစ်များကို တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများသည် ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုပြီးပါက ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုရေးထိခိုက်မှု ဆန်းစစ် လေ့လာခြင်း လုပ်ငန်းများ EIA/SIA ကို ခြောက်လ အကြာ ဆောင်ရွက်မည်ဖြစ်ရာ လာမည့်နှစ် မိုးရာသီ မတိုင်မီ ရှာဖွေရေး လုပ်ငန်းများ စတင်နိုင်မည် ဖြစ်သည်။
“ကမ်းလွန်လုပ်ကွက်တွေက EIA/SIA လုပ်ရတာတွေက သိပ်အခက်အခဲ မရှိဘူး။ သူတို့က ရေထဲမှာကိုး။ ကုန်းပေါ်မှာကတော့ EIA/SIA က နည်းနည်းကြာနိုင်ပါတယ်။ ဒေသခံတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာတွေ ရှိတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ယခုနှစ်နှင့် လာမည့်နှစ်ဆန်းပိုင်းတွင် အသစ်ချထားပေးသော ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် စုစုပေါင်း ၃၆ ကွက်ကို စွမ်းအင်ဝန်ကြီးဌာနနှင့် တင်ဒါအောင်ကုမ္ပဏီများအကြား သဘောတူစာချုပ်များ ချုပ်ဆိုပြီးစီးမည်ဖြစ် ရာ ၂၀၁၅ ခုနှစ်အတွင်း ကျန်ရှိနေသည့် ကုန်းတွင်းနှင့် ကမ်းလွန် လုပ်ကွက်များကို တင်ဒါခေါ်ယူရန် အစီအစဉ်များရှိလာနိုင်မည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောဆိုထားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကုန်းတွင်းလုပ်ကွက်များမှ နေ့စဉ် ရေနံစည် ၁,၈၀၀ နှင့် ဓာတ်ငွေ့ ကုဗပေ သန်း ၆၀ ထုတ်လုပ်နေပြီး ကမ်းလွန်လုပ်ကွက်များမှ ဓာတ်ငွေ့ ကုဗပေသန်း ၁,၈၀၀ ခန့်ကို ထုတ်လုပ် လျက်ရှိသည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/34282-2014-12-08-06-02-40
No comments:
Post a Comment