စတော့ရှယ်ယာဈေး ကွက်ကို ဦးဆောင်အကောင်အ ထည်ဖော်မည့် ရန်ကုန်စတော့
အိတ်ချိန်းအကျိုးတူ ကုမ္ပဏီကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်
မရှင်(MIC) က နိုဝင်ဘာ ၂၈ ရက်တွင် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ဂျပန်နိုင်ငံမှ ဒိုင်ဝါအင်စတီ ကျုဒ့်၊ ဂျပန်စတော့ အိတ်ချိန်းနှင့်မြန်မာနိုင်ငံ စီးပွားရေးဘဏ်တို့ပူးပေါင်း၍ တည်ထောင်ထားသော ရန်ကုန်စတော့အိတ်ချိန်း အကျိုးတူကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်မည့် စတော့ရှယ်ယာဈေးကွက် ပီပြင်စွာဖြစ်ပေါ်လာရန် ဦးဆောင်ပြုလုပ်မည့် ကုမ္ပဏီ ဖြစ်သည်။
အဆိုပါ ကုမ္ပဏီသည် သမ္မတရုံး ခွင့်ပြုချက်လည်း ရထားပြီးဖြစ်၍ မကြာမီတွင် လက်မှတ်ရေးထိုးမှု ထပ်မံပြုလုပ်ရန်ရှိကြောင်း ဘဏ္ဍာရေးဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
ယင်းကုမ္ပဏီက ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်းနှင့် စာရင်းရှင်းလင်းခြင်း၊ ငွေပေးချေခြင်းလုပ်ငန်းများ လုပ် ကိုင်နိုင်မည် ဖြစ်သည်။
စတော့အိတ်ချိန်းဈေးကွက် ရှယ်ယာ အရောင်းအ၀ယ်တွင် ကြားခံပွဲစားလုပ်လိုသည့် လုပ်ငန်းရှင်များ လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို မကြာမီတွင် ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။ လိုင်စင်ချထားရန် စံနှုန်းသတ်မှတ်ချက်များကို စတော့အိတ်ချိန်း ဈေးကွက်ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ တည်ငြိမ်သော စတော့ရှယ်ယာ ဈေးကွက်တည်ထောင်ရန် ငွေကြေးဆိုင်ရာ သက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေကို အချက်ပေါင်း ၂၁၃ ခု ထည့်သွင်းရေးဆွဲပြီး သက်ဆိုင်ရာဌာနများသို့ တင်ပြထားခြင်း ဖြစ်သည်။
ငွေကြေးဆိုင်ရာ သက်သေ ခံသတ်မှတ်လဲလှယ်ရောင်းဝယ် ရေး ဥပဒေတွင် အချက်ပေါင်း ၇၁ ချက်သာ ပြဋ္ဌာန်းထားပြီး ငွေ ကြေးဆိုင်ရာ ကိစ္စရပ်ဖြစ်ခြင်း ကြောင့် နည်းဥပဒေတွင် အချက် များစွာ ထည့်သွင်းထားရခြင်းဖြစ် သည်ဟု ဒေါက်တာမောင်မောင် သိမ်းက ဆက်လက်ရှင်းပြသည်။ ယင်းကုမ္ပဏီများကို ၂၀၁၅ နှစ် ဆန်းတွင် ချထားရန် စီစဉ်ရခြင်းမှာ လုပ်ငန်းဆိုင်ရာ ပြင်ဆင်ချိန်ရရန် ဖြစ်သည်။
ထို့ပြင် စတော့ဈေးကွက် အတွက် ကြီးကြပ်ရေးအဖွဲ့ဖြစ် သော SECM အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည်။ ရုံးပိုင်းဆိုင်ရာအဖွဲ့များကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ထမ်းများနှင့် စာရင်း စစ်ချုပ်ရုံး ၀န်ထမ်း ၁၅ ဦးကို သင်တန်းပေး၍ အမှတ်ကောင်းသူများကို ရွေးချယ်ထားကြောင်း သိရသည်။
အဆိုပါ SECM အဖွဲ့အခြေ စိုက်ရုံး ပြုလုပ်ရန်လည်း တင်ဒါ များ ခေါ်ယူထားပြီဖြစ်ရာ နှစ်လ အတွင်း အပြီးသတ်ပြုလုပ်မည် ဖြစ်၍ လာမည့်နှစ်ဆန်း ဇန်န၀ါရီ တွင် ရုံးခန်းဖွင့်လှစ်ဆောင် ရွက်တော့မည် ဖြစ်သည်။
http://7daydaily.com/story/26399#.VIUQSMnZGM8

No comments:
Post a Comment