
ညောင်ဦးမြို့
ပုဂံရှေးဟောင်း ဘုရားသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားဧည့်သည်များအား
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
၂၀၁၄ ခုနှစ်တွင် ခရီးသွား လုပ်ငန်းကဏ္ဍမှ ကန်ဒေါ်လာ သန်း ၁,၀၀၀ ခန့်ရရှိရန်
မျှော်မှန်းထားခဲ့ပြီး ၂၀၁၄ နှစ်ကုန်ချိန်တွင် ကန်ဒေါ်လာ သန်း ၁,၀၀၀
ကျော်ကို ယခင်နှစ်များထက် စံချိန်တင် ရရှိခဲ့သည်။ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂၀၁၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၂၅၄ သန်း၊ ၂၀၁၁ တွင် ကန်ဒေါ်လာ ၃၁၉ သန်း၊ ၂၀၁၂ တွင် ကန်ဒေါ်လာ ၅၃၄ သန်း၊ ၂၀၁၃ တွင် ကန်ဒေါ်လာ ၉၁၄ သန်း ရရှိခဲ့သည်။
World Travel and Tourism Council ၏ ကွင်းဆင်းလေ့လာ သုတေသနပြုလုပ်ချက်အရ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှ စီးပွားရေး အကျိုးသက်ရောက်မှုသည် ၂၀၁၃ ခုနှစ်တွင် ကျပ် ဘီလီယံ ၁,၉၇၀ ရှိခဲ့ပြီး ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး ဂျီဒီပီ၏ ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်း ကဏ္ဍသည် ဂျီဒီပီ၏ ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည်နှင့် အလုပ်အကိုင်များ ပိုမိုရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အလုပ်အကိုင် ရှာဖွေ ပေးနိုင်မှု ၈၂၃,၅၀၀ ဖြစ်ပြီး စုစုပေါင်း အလုပ်အကိုင်ရရှိမှု၏ သုံးရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၄ ခုနှစ်တွင်အလုပ် အကိုင်ရှာဖွေပေး နိုင်မှု ၈၇၇,၅၀၀ ခန့်ရှိကာ စုစုပေါင်း အလုပ်အကိုင်၏ ၆ ဒသမ ၅ ရာခိုင်နှုန်းခန့် အထိ ရှိခဲ့သည်။
နိုင်ငံခြားသား ခရီးသွားများ စံချိန်တင် ၀င်ရောက်လာမှု များပြားလာခြင်းကြောင့် နိုင်ငံခြားဝင်ငွေ၊ ဟိုတယ် စီမံကိန်းများ များပြားလာသည့် အပြင် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီအရေအတွက်လည်း တိုးတက်များပြား လာခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ခရီးသွားကုမ္ပဏီ ၆၅၈ ခုသာ ရှိရာမှ ၂၀၁၁ တွင် ခရီးသွား ကုမ္ပဏီ ၇၅၉ ခု၊ ၂၀၁၂ တွင် ခရီးသွား ကုမ္ပဏီ ၁,၀၂၆ ခု၊ ၂၀၁၃ တွင် ခရီးသွား ကုမ္ပဏီ ၁,၃၅၀၊ ၂၀၁၄ တွင် ခရီးသွား ကုမ္ပဏီ ၁,၆၂၃ ခုအထိ များပြားလာခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-07-17/item/36311-2015-01-05-06-30-37
No comments:
Post a Comment