မြန်မာဝမ်ပေါင် ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသည့် ဒေသခံ အလုပ်သမား
များအား သက်ဆိုင်ရာ ကုမ္ပဏီမှ ဖယ်ရီကား များဖြင့် ပြန်လည် ပို့ဆောင်ပေးစဉ်၊
ယခုလ (၁၆) ရက်နေ့ ညနေ (၆) နာရီခွဲ အချိန်တွင် တုံကျေးရွာ ထိပ်၌ ရှိသော
ဒေသခံ (၅၀) ကျော်တို့မှ လေးခွ များဖြင့် ပစ်ခတ်ခဲ့ သည့်အတွက်
ကားမောင်သူနှင့် အလုပ်သမ တစ်ဦးမှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရသည်။
ယင်းကုမ္ပဏီမှ အလုပ်သမားများ အိမ်ပြန်လာစဉ်
တုံကျေးရွာ သပိတ်စခန်း အနီး အရောက်တွင် တုံကျေးရွာမှ ဒေသခံ များသည်
မောင်းနှင် လာသော ဖယ်ရီကားအား လေးခွ၊ တုတ်များဖြင့် ထုနှက်ခဲ့သည့် အတွက်
ဖယ်ရီကားမှာ ရှောင်တိမ်းသွားခဲ့ ရကြောင်း ဒေသခံများ ပစ်ပေါက်မှုကြောင့်
ကားမှန်များ ကွဲအက် သွားသည့် အပြင် ယာဉ်မောင်း ဖြစ်သူ နှင့် အလုပ်သမ တစ်ဦး
ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အလုပ်သမားတွေကို
ညနေတိုင်း ဖယ်ရီကားနဲ့ လိုက်ပို့နေ ကျပါ။ အခုဟာက ရွာထိပ်မှာ အားလုံး
ထွက်ကြိုပြီး အတင်းကို လေးခွတွေနဲ့ ပစ်ခတ် တယ်။ တုတ်တွေနဲ့ ထုတယ်။ တအားကို
ကြောက်သွားတယ်။ ကားမှန်လည်း ကွဲသွားတယ်။ အလုပ်သမား ကောင်းမလေး ကတော့
မျက်စိကို ခဲမှန် သွားတယ်။ ကျွန်တော် ကတော့ နဖူးကွဲသွားလို့ ချုပ်လိုက်ရ
ပါတယ် ဟု မြန်မာဝမ်ပေါင် ဖယ်ရီကားမောင်းသူ ကိုမိုးဇော်က ပြော သည်။
ယင်းသို့ ကားမောင်းလာစဉ်တွင် တုံကျေးရွာ ထိပ်မှ ဒေသခံများနှင့်
ခြံစည်းရိုး အနီး လုံထိန်း တပ်ဖွဲ့ဝင် များသည် ခြံစည်းရိုးများ အနီး
မြေကော်စက်ကြီး များဖြင့် တူးဆွဲနေသည်ကို မကျေနပ်ဖြစ်ကာ လေးခွများဖြင့်
ပစ်ခတ်ကာ ခြောက်လှန့်မှုများ ပြုလုပ်နေစဉ် ကားမောင်း လာသူအား မကျေနပ် သဖြင့်
ယခုကဲ့သို့ လေးခွများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းကို ဒေသခံများ ထံမှ
သိရသည်။
ယင်းသို့ မြန်မာဝမ်ပေါင် ကုမ္ပဏီမှ
ဖယ်ရီကားအား လေးခွများဖြင့် ပစ်ခတ်ခဲ့သည့် အတွက် တုံကျေးရွာမှ ဒေသခံ (၅၀)
ဦးအား ယာဉ်မောင်း မိုးဇော်(၄၀) နှစ်မှ တရားလိုပြုကာ (ပ) ၂၇/၂၀၁၅ ပုဒ်မ ၃၃၆
/၃၂၃/ ၄၂၇/၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ကိုလည်း ဆားလင်းကြီး
မြို့မ ရဲခစန်းမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32053
No comments:
Post a Comment