February 5, 2015

TNLA နှင့်တိုက်ပွဲတွင် တပ်မတော်မှ လေယာဉ် များဖြင့် ပစ်ခတ်နေဟုဆို

 ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးကုတ်နှင့် မိုးမိတ် အစပ်ဒေသ ရွှေညောင်ပင် ကျေးရွာ အနီးတွင် တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်မ (၅၂၇)၊ တပ်မ (၇၁၇) နှင့် တပ်မတော် တို့မှာ တိုက်ပွဲများ ဖြစ်ပွား နေပြီး တပ်မတော်မှ လေယာဉ် များဖြင့် ပစ်ခတ်မှုများ ပြုလုပ် ခဲ့ကြောင်း  TNLA ထံမှ သတင်း ရရှိသည်။
                တပ်မတော်နှင့် TNLA တို့သည် ဖေဖော်ဝါရီလမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သုံးရက်နေ့တွင် ရဟတ်ယာဉ် နှစ်စီး၊ တိုက်လေယာဉ် တစ်စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ နံနက် ကိုးနာရီ အချိန်ခန့်  ကလည်း အဆိုပါ ဒေသရှိ TNLA တပ်ဖွဲ့ များကို တပ်မတော် တိုက်လေယာဉ် များမှ ဗုံးနှစ်လုံးဖြင့် ပစ်ခတ် ခဲ့ကြောင်း TNLA ထံမှ သိရသည်။
                ဖြစ်တာကတော့ ကျွန်တော်တို့ တပ်မ  (၇၁၇) က ဘိန်းခင်းတွေကို ရှင်းတာနဲ့ ပတ်သက်ပြီး ပစ်ခတ်မှုတွေ ဖြစ်လာ တာပါ။ လားရှိုးဘက်မှာ လည်း တပ်မတော် လေယာဉ်တွေ ရောက်နေတယ်လို့ ကြားရတယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ MPC ကို  Email ပို့ပြီးအကြောင်းကြား ထားပါ တယ် ဟု TNLA ပြန်ကြားရေး တာဝန်ခံ ဗိုလ် မိုင်းအိုက်ကျော်က  The Messenger Media သို့ပြောသည်။
                ယခုလ (၃)ရက်နေ့တွင် တပ်မတော် လေယာဉ်များ၏ ပစ်ခတ်မှုကြောင့် ဆိုင်းလိန် ကျေးရွာရှိ နေအိမ်များ နှင့် ဒေသခံ တချို့ ထိခိုက်မှု ရှိခဲ့ပြီး ထိခိုက်မှု စာရင်းအား မရရှိသေးကြောင်း TNLA ထံမှ သိရသည်။ (၂) ရက်နေ့ ပစ်ခတ်မှုကြောင့် တပ်မတော်မှ စစ်သည် (၉) ဦးကျဆုံး ခဲ့ပြီး TNLA ဘက်မှ တပ်ဖွဲ့ဝင် (၁) ဦး၊ (၃)ရက်နေ့ ပစ်ခတ်မှုကြောင့် နှစ်ဖက် အထိအခိုက် ရှိခဲ့ကာ လက်ရှိ အချိန်ထိ စာရင်း အတိအကျ မသိရှိရ သေးကြောင်း TNLA ထံမှ သိရသည်။
                 ကျွန်တော်တို့ သိရှိရ သလောက် သတင်း ထုတ်ပြန်ထား ပါတယ်။ စာနယ်ဇင်း ကောင်စီ ကိုလည်း ပေးပို့ထား ပါတယ်။ ကျန်တဲ့သတင်း အချက်အလက်တွေ ကိုတော့ ကျွန်တော်တို့ သတင်းရရင် ထုတ်ပြန်ပေးသွား မှာပါ ဟု တပ်မတော်မှ အရာရှိ တစ်ဦးက The Messenger Media သို့ပြောသည်။
                 အဆိုပါ တိုက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ ယမန့်နေ့က တပ်မတော်က မြ၀တီ သတင်းစာမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ ထုတ်ပြန်ချက်တွင်  TNLA အဖွဲ့ အနေဖြင့် ဒေသခံ ပြည်သူများအား အဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ ဆောင်ရွက်လျက် ရှိခြင်းကြောင့် ဒေသခံ ပြည်သူ များ၏ အသက်အိုး အိမ်စည်းစိမ်များ လုံခြုံမှု ပျက်ပြားခဲ့ သဖြင့် တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြ ထားသည်။ ထို့ပြင် ဖေဖော်ဝါရီလ(၂) ရက် တိုက်ပွဲ ဖြစ်ပွားချိန်မှ ယနေ့ အထိ တပ်မတော်သား (၅) ဦးကျဆုံးခဲ့ပြီး (၃) ဦးဒဏ်ရာ ရရှိကာ TNLA   အဖွဲ့ထံမှ အလောင်း (၁၀) လောင်း၊ လက်နက်မျိုးစုံ (၅) လက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ ခဲ့ကြောင်း တပ်မတော်မှ သတင်း ထုတ်ပြန်ခဲ့သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31261

No comments:

Post a Comment