ကျောင်းသား၊ ကျောင်းသူများအား အန္တရာယ် မကျရောက်စေရေးအတွက် ဒေသခံပြည်သူများက အေးချမ်းစွာနေထိုင်ကြရန် လက်ပံတန်းမြို့နယ်မှ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့က မတ်လ ၅ရက်၊ ညနေ(၆)နာရီတွင် အသံချဲ့စက်ဖွင့်ကာ မြို့အတွင်း လှည့်လည်ကြေညာခဲ့သည်။

လက်ပံတန်းရှိ ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
“မနစ်နာစေရအောင် မိမိတို့ရဲ့မြို့နယ်အတွင်းမှာ ဆူပူအုံကြွမှုနှင့်
အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးကို အလေးထားပြီးတော့ မြို့နယ်သူ၊ မြို့နယ်သား
ဒကာ၊ ဒကာမအပေါင်းတို့ဟာ အေးချမ်းစွာ နေထိုင်ပေးကြပါရန်” ဟု
ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့က ကားဖြင့်လှည့်လည် ကြေငြာသည်။လက်ပံတန်းမြို့၊ ကျွန်းကလေး အနောက်ဘက်ကမ်းလမ်းထိပ်တွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့တားဆီးမှုကို သုံးရက်ကြာ ပိတ်ဆို့ခံထား ရသည့် ကျောင်းသားများကို လာရောက်မေတ္တာရပ်ခံပြီး နှစ်နာရီအကြာတွင် အထက်ပါအတိုင်း မြို့တွင်း လှည့်လည်ကြေညာခဲ့ခြင်း ဖြစ်သည်။
မတ်လ ၅ ရက် မွန်းလွဲပိုင်းက အဆိုပါ ဂိုဏ်းပေါင်းစုံ သံဃနာကယ အဖွဲ့ကပင် သပိတ်မှောက် ကျောင်းသားများ နေရပ် အသီးသီးသို့ ပြန်ကြရန်နှင့် သပိတ်မှောက်ကျောင်းသားများနှင့်အတူဆန္ဒပြနေသော သံဃာများအနေဖြင့်လည်း သီတင်းသုံးရာ ကျောင်းတိုက်များသို့ ပြန်လည်ြှကွရောက်ကြရန် လာရောက်မေတ္တာရပ်ခံခဲ့သေးသည်။
သပိတ်မှောက်ကျောင်းသားများသည် သာယာဝတီသို့လမ်းလျှောက်ချီတက်ပြီး ရန်ကုန်သို့ ကားဖြင့်ထွက်ခွာ ကာ ရွှေတီဂုံစေတီ သို့မဟုတ် ရန်ကုန်တက္ကသိုလ်အတွင်းသို့ဝင်ရောက်ပြီးနောက် လူစုခွဲကြရန် ကနဦးက စီစဉ်ထားသော်လည်း မတ်လ ၃ ရက်ကတည်းက သပိတ်ရပ်နားသည့် ဘုန်းတော်ကြီးကျောင်းနှင့် ကိုက် ၁၀၀ ခန့်အကွာတွင်ပင် အာဏာပိုင်များ၏ ပိတ်ဆို့ထားဆီးမှုကို ခံနေရခြင်း ဖြစ်သည်။
မတ်လ ၄ ရက်ကလည်း ကျောင်းသားများ၏ သပိတ်ကို ထောက်ခံသောအားဖြင့် လက်ပံတန်းဒေသခံအချို့က ကျောင်းသား သပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားသည့် ရဲတပ်ဖွဲ့၏ အနောက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/40323-2015-03-06-04-16-07
No comments:
Post a Comment