ရွှေပြည်သာမြို့နယ် အတွင်းရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အငှားချအိမ်ရာ အဖြစ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ အဆိုပါ အိမ်ရာမှာ ရှစ်ခန်းတွဲ
ခြောက်ထပ် လေးလုံး ပါဝင်ပြီး အခန်းပေါင်း ၁၉၂ ခန်း ရှိကြောင်း၊ ယင်း
အငှားအိမ်ရာများတွင် လစဉ် နေထိုင်သူများက အိမ်ခန်း ငှားရမ်းခကို
ပေးရမည်ဖြစ်ပြီး အခန်းတန်ဖိုး ကျေသည်အထိ ငှားရမ်းခ ပေးပြီးပါက
အိမ်ပိုင်ဆိုင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် အတွင်း ကျူးကျော်
နေထိုင်သူများ အတွက် အငှားချ အိမ်ရာများကို အကောင်အထည် ဖော်ပေးရန်
ရှိနေပြီး လက်ရှိတွင် လျာထားချက် အဆင့်တွင်သာ ရှိသေးကြောင်း၊ ၂ဝ၁၄-၂ဝ၁၅
ဘဏ္ဍာနှစ် တွင်တန်ဖိုးလတ် အိမ်ရာ အခန်း ၄ဝဝဝ ကျော်နှင့် တန်ဖိုးနည်းအိမ်ရာ
အခန်း ၃ဝဝဝ ကျော်အား အကောင်အထည် ဖော်ထားပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း
အကျိုးတူ အိမ်ရာစီမံကိန်း ၈ဝဝဝ ကျော်နှင့် တိုင်းဒေသကြီး အိမ်ရာစီမံကိန်း
၁၆ဝဝ ကျော်အား ဆက်လက် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရှိရသည်။
http://myawady.net.mm/allnews/militarynews/item/61503-2015-03-05-09-00-52
No comments:
Post a Comment