အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်ရင်းနှီးမြှုပ်နှံ ကာ မန္တလေးမြို့
ချမ်းမြသာစည် မြို့နယ်အတွင်းရှိ စည်ပင်သာယာ ပိုင်မြေ ၄၇ ဧကပေါ်တွင် တည်
ဆောက်နေသည့် မင်္ဂလာမန္တလေးစီမံကိန်း ပထမအဆင့် တည်
ဆောက်ပြီးစီးပြီဖြစ်ကြောင်း သ တင်းရရှိသည်။
လူနေဆိုင်ခန်း ၁၂၅ ခန်း၊ အိုးရှင်းစူပါစင်တာ၊ ငါးထပ်ကားပါ ကင်၊
ငုရွှေဝါကွန်ဒိုနှင့် စည်ပင်သာယာဟိုတယ်တို့ပါဝင်သည့် မင်္ဂ လာမန္တလေးစီမံကိန်း
ပထမအ ဆင့်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း
C.A.D ဆောက်လုပ်ရေးမှ ဦးဇင် မင်းဆွေက ပြောသည်။
မင်္ဂလာမန္တလေးစီမံကိန်းဒု အဆင့်တွင် ပူးမင်းဟိုတယ်၊ မင်္ဂ လာကွန်ဒို၊
မင်္ဂလာအော့ဖစ်တာ ၀ါ၊ အိမ်ရာစီမံကိန်းများ ပါဝင် မည်ဖြစ်ပြီး
စီမံကိန်းတစ်ခုလုံးကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ပြီးစီးနိုင် ရန်
ရည်ရွယ်တည်ဆောက်နေ သည်ဟုဆိုသည်။
မင်္ဂလာမန္တလေး စီမံကိန်း တစ်ခုလုံးအတွက် အဆောက်အ အုံများကို အမေရိကန်ဒေါ်လာ
သန်း ၁၂၀ ကျော် ရင်းနှီးမြှုပ်နှံကာတည်ဆောက်နေခြင်းဖြစ်ပြီး စီမံ ကိန်း
ဒုအဆင့်တွင် တည်ဆောက် မည့် ကြယ်ငါးပွင့်အဆင့် ပူးမင်း
ဟိုတယ်တစ်ခုတည်းကိုပင်လျှင် ဒေါ်လာသန်း ၈၀ ကျော် အကုန် ကျခံတည်ဆောက်မည်ဟု
ဦးဇင်မင်းဆွေကပြောသည်။
မင်္ဂလာမန္တလေးစီမံကိန်းကို မန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ် ၇၃ လမ်း၊
သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်
မတီပိုင် မြေ ၄၇ ဧကပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။ New Star Light
ဆောက်လုပ်ရေးကုမ္ပ ဏီနှင့် C.A.D ဆောက်လုပ်ရေး ကုမ္ပဏီတို့က
ရင်းနှီးမြှုပ်နှံသူများ အဖြစ် မန္တလေးစည်ပင်နှင့်
အကျိုးတူပူးပေါင်းတည်ဆောက်ခြင်းဖြစ် ကာ စီမံကိန်းမှ ရရှိလာမည့် အ
ကျိုးအမြတ်အဖြစ် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီက ၄၀
ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီ နှစ်ခုက ၆၀ရာခိုင်နှုန်း
ရရှိမည်ဖြစ်သည်။
မင်္ဂလာမန္တလေးစီမံကိန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာတွင်
စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဥယျာဉ်မြို့
တော်ဖြစ်လာရန်နှင့် မန္တလေးမြို့၏ အစိမ်းရောင်မြို့တော်စီမံ ကိန်းအတွက်
ရှေ့ပြေးအစီအစဉ် တစ်ခုအဖြစ် တည်ဆောက်ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောကြားထားသည်။
http://7daydaily.com/story/32957#.VPUzro4YuM8
No comments:
Post a Comment