March 5, 2015

ရန်ကုန်တွင် ဆေးယဉ်ပါးတီဘီကူးစက်ခံရနှုန်း ပိုများနေ

ရွှေ့ပြောင်းနေထိုင်သူ များပြားလာခြင်းနှင့် လူဦးရေထူ ထပ်မှုတို့ကြောင့် ရန်ကုန်တိုင်း တွင် ဆေးယဉ်ပါးတီဘီရောဂါကူး စက်ခံရနှုန်းမှာ အခြားတိုင်းနှင့် ပြည်နယ်များထက် မြင့်တက်နေ သည်ဟု ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက် ရေးဌာနမှ စီမံချက် မန်နေဂျာ ဒေါက်တာ စည်သူအောင်က ပြောကြားသည်။
‘‘ခက်ခဲဒေသတွေနဲ့ သွားလာ ရခက်တဲ့ဒေသတွေကလွဲရင် တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ ဆေး ယဉ်ပါးတီဘီစစ်တမ်းကောက် လိုက်တဲ့အခါမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်နေတယ်။ လူနာလည်း ဖြစ်ပွားမှုအများဆုံး၊ ကုသလူနာလည်း အများဆုံးပဲ’’ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်တိုင်းရှိ ရွှေ့ပြောင်း နေထိုင်သူများပြားသော လှိုင်သာ ယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ဆေးယဉ်ပါးတီဘီရောဂါပိုးပိုမိုကူးစက်ခံရကြောင်း သိရသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းအတွင်း ဆေးယဉ်ပါးတီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ယခုနှစ်တွင် ဦးစားပေးဆောင်ရွက်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
ဆေးယဉ်ပါး တီဘီရောဂါဖြစ်ပွားပါက လပေါင်း ၂၀ ခန့် ဆေးကုသမှုခံယူရပြီး ပျောက်ကင်းနိုင် ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးတစ် ဦးက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်တွင် ကောက်ယူထား သော တီဘီဆေးယဉ်ပါးလူနာစစ် တမ်းအရ ရန်ကုန်တိုင်းဒေသကြီး ရှိ လူဦးရေ ၁၁ ရာခိုင်နှုန်းခန့်မှာ ဆေးယဉ်ပါးတီဘီရောဂါကူးစက် ခံနေရပြီး တစ်နိုင်ငံလုံး၌ ဆေး ယဉ်ပါးတီဘီရောဂါလူနာအသစ် ၅ ရာခိုင်နှုန်းခန့် တိုးလာကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ တီဘီရောဂါဖြစ် ပွားမှုနှုန်းမြင့်မားသော ၂၂ နိုင်ငံ ထဲတွင် မြန်မာနိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံရှိ နှစ်စဉ်လူဦးရေ ကိုးထောင်ခန့်သည် ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်ခံနေရ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတင်းထုတ်ပြန်ထားသည်။
http://7daydaily.com/story/33018#.VPfcRY4YuM8

No comments:

Post a Comment