
ပဲခူးရိုးမ တစ်နေရာရှိ သစ်တောပျက်တစ်ခု(ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
သစ်တောမြေများကို အခြားမြေအဖြစ် အသုံးချမှုများ လာခြင်း၊ သစ်သုံးစွဲမှုနှုန်းမြင့် တက်လာခြင်းတို့ကြောင့် မြန်မာ နိုင်ငံ၏ သစ်တောများမှာအတန်း အစားနိမ့်ကျပြီး သစ်တောထွက်ပစ္စည်းများ အထွက်နှုန်းလျော့ ကျလာသောအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဦးအေးမြင့်မောင်က ပြောသည်။
သစ်တောမြေများတွင် စား နပ်ရိက္ခာအတွက် စိုက်ပျိုးမြေများ တိုးချဲ့လာခြင်း၊ လူနေအိမ်ခြေ များ အတွက် မြို့ရွာများတိုးချဲ့လာ ခြင်း၊ ထင်းလောင်စာလိုအပ်ချက် နှင့် ဆောက်လုပ်ရေး၊ အိမ်သုံး ပစ္စည်းများအတွက် သစ်သုံးစွဲမှု နှုန်းမြင့်တက်လာခြင်းတို့ကြောင့် သစ်တောထွက်ပစ္စည်းလိုအပ် ချက်မှာ နှစ်စဉ်မြင့်တက်လျက်ရှိ ပြီး သစ်တောအရည်အသွေးနိမ့် ကျလာကာ အထွက်နှုန်းလျော့ကျ လာသည့် အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း သစ်တောသုတေသနဌာနတွင်ပြုလုပ်သည့် သစ် တော သယံဇာတကောက်ယူခြင်း ဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား၌ ဒုဝန်ကြီးက ပြောသည်။
သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၆ ရာခိုင်နှုန်းရှိ သည်ဟုဆိုသော်လည်း သစ် တောအတန်းအစားကောင်းမွန် သည့် သစ်တောဖုံးလွှမ်းမှုမှာ ၁၉ ရာခိုင်နှုန်းကျော်သာရှိပြီး ကျန် သစ်တောများမှာ ရွက်အုပ်ပွင့် သစ်တော (သစ်တောများထူထပ် မနေဘဲ သစ်ပင်ခပ်စိပ်စိပ်မရှိ သောနေရာ)အဖြစ်ရှိနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။
ယခင်က မြန်မာ့သစ်တော ကြီးများတွင် ပြည်ပသို့တင်ပို့နိုင် သည့် လုံးပတ်ကြီး၍ ကုန်ချော ပစ္စည်းအထွက်များသည့် သစ်လုံး ကုန်ကြမ်းများရရှိရန်လွယ်ကူခဲ့ သော်လည်း ယခုနှစ်များနောက် ပိုင်း၌ အဆိုပါသစ်လုံးကြီးများ ရရှိမှုနည်းပါးလာကြောင်း မြန်မာ့ သစ်လုပ်ငန်းရှင်အသင်း တာဝန် ရှိသူတစ်ဦးက ပြောသည်။
‘‘ပထမတန်းစားသစ်လုံး တွေ ကုန်ကြမ်းအဖြစ်ရရှိဖို့နည်း လာတယ်။ ဒုတိယတန်းစားသစ်၊ တတိယတန်းစားသစ်တွေတော့ရှိ သေးတယ်’’ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။
အရည်အသွေးမီ သစ်ကုန် ကြမ်းရရှိမှု နည်းလာခြင်းနှင့် မြန်မာ့သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ရမည် ဖြစ်သောကြောင့်သစ်လုပ်ငန်းရှင်များက သစ်ကုန်ကြမ်းများကို ပြည်ပမှဝယ်ယူရန်စီစဉ်လျက်ရှိပြီး ယခုနှစ်အတွင်း နမူနာအဖြစ် ပြည်ပမှ ကွန်တိန်နာသုံးလုံးဆံ့ သစ်ကုန်ကြမ်းတင်သွင်းခဲ့သည်။
‘‘သစ်လုပ်ငန်းရှင်တွေက ပြည်ပက သစ်ကုန်ကြမ်းတင်သွင်း ချင်တယ်လို့ ဆိုလာတဲ့အတွက် အခွန်ကောက်ခံမှုလျော့နည်း အောင် တခြားဆက်စပ်ဝန်ကြီး ဌာနတွေနဲ့ စေ့စပ်ညှိနှိုင်းပေးနေပါ တယ်’’ဟု ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက နိုဝင်ဘာ ပထမ ပတ်တွင် ရန်ကုန်မြို့ရှိ သတင်း ထောက်များနှင့်တွေ့ဆုံစဉ် ပြော ကြားခဲ့သည်။
နိုင်ငံတစ်ဝန်းတောပျက်၊ တောညံ့များ များပြားလာခြင်းကြောင့် ဧရိယာအားဖြင့် အမှန်တကယ်ကောင်းမွန်သည့် သစ်တောကျန်ရှိမှုမှာ စတုရန်းမိုင်ငါးသောင်းကျော်ရှိသည်ဟု ဖော်ပြထားသည်။ကချင်ပြည်နယ်မြောက်ဖျားပိုင်း၊စစ်ကိုင်းတိုင်းအနောက်မြောက်ပိုင်းများမှ လွဲ၍ကျန်ဒေသများတွင်သစ်တောများ ပြုန်းတီးမှုကွက်ကျားကွက်ကျားရှိနေပြီး တောကောင်းသည့်ပမာဏ မကျန်ရှိတော့ဟု သစ်တောလေ့လာစောင့်ကြည့်သူများက ဆိုသည်။
http://7daydaily.com/story/26470#.VIUYxcnZGM8
No comments:
Post a Comment