December 8, 2014

အွန်လိုင်းငွေပေးချေမှုများအတွက် MyanPay ၀န်ဆောင်မှုစတင်

CB ဘဏ်၏ မိုဘိုင်း Banking အကောင့်ရှိသူများအနေဖြင့် Myan-Pay၏ အွန်လိုင်းငွေပေးချေသည့်စနစ်ဖြင့်ချိတ်ဆက်၍ အွန်လိုင်းပေါ်မှတစ်ဆင့် ငွေပေးချေခြင်း၊ငွေလွှဲခြင်းနှင့်လက်ခံခြင်းများကို ဒီဇင်ဘာပထမပတ်မှစ၍ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘CBဘဏ်ရဲ့ မိုဘိုင်းBankingစနစ်အသုံးပြုတဲ့ ဘယ် သူမဆို MyanPay အကောင့်ထဲကို ချက်ချင်းငွေသွင်းပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်’’ဟု MyanPayမှ မန်နေဂျင်းဒါရိုက်တာဦးရန်နောင်စိုးက ပြောသည်။
MyanPayသည် အွန်လိုင်း Shopping ၀က်ဘ်ဆိုက်များတွင် ငွေပေးချေနိုင်စေရန် ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိဘဏ်ခွဲပေါင်းငါးရာနှင့် ချိတ်ဆက်၍ ၀န်ဆောင်မှုများပေးသော်လည်းအကောင့်ထံသို့ ငွေဖြည့်သွင်းရာ၌ ဘဏ်ဖွင့်ရက်များတွင်သာ ဆောင်ရွက်နိုင်သောကြောင့် CBဘဏ်နှင့် ချိတ်ဆက်ကာ ၂၄နာရီအသုံးပြုနိုင်စေရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
 ‘‘MyanPayထဲကို CBဘဏ်ရဲ့ Mobile Banking ကနေ ၂၄ နာရီလုံးငွေသွင်းနိုင်အောင် စီစဉ်ပေးလိုက်တာပါ။ နောက်ပိုင်းမှ MPUကတ်စနစ်၊ အင်တာနက် Bankingစနစ်နဲ့ မိုဘိုင်း Money စနစ်တွေကိုပါ ချိတ်ဆက်ပြီး ၀န်ဆောင်မှုတွေတိုးချဲ့သွားဖို့လုပ်နေပါတယ်’’ဟု ဦးရန်နောင်စိုးက ပြောသည်။

  MyanPayငွေပေးချေမှု အကောင့်ပြုလုပ်လိုပါက www.myanpay.com.mmသို့ ၀င်ရောက်၍ အခမဲ့ပြုလုပ်နိုင်ပြီး မိမိ၏ MyanPayအကောင့်အတွင်းသို့ CBဘဏ်၏ မိုဘိုင်းBankingစနစ်မှ ငွေဖြည့်သွင်းကာချက်ချင်းအသုံးပြုနိုင်ကြောင်းသတင်းရရှိသည်။ အကူအညီလိုအပ်ပါက support@myanpay.commmသို့ Emailပေးပို့၍လည်းကောင်း ဖုန်းနံပါတ် ၀၉- ၃၂၁၁၆၅၁၁နှင့် ၀၉- ၃၂၁၁၆၅၂၂တို့သို့ လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/26469#.VIUY1cnZGM8

No comments:

Post a Comment