ယခုအခါတွင် ဆင်းမ်ကတ်များကို လမ်းဘေး၌ ခင်းကျင်းရောင်းချလာကြသည်။ (ဓာတ်ပုံ - ထက်အာကာ)
ရန်ကုန်မှောင်ခိုဈေး ကွက်တွင် MPT နှင့် တယ်လီနော ဆင်းမ်ကတ်များဝယ်ယူမှု
သိသိ သာသာလျော့ကျသွားကြောင်း တစ်ဆင့်ပြန်လည် ရောင်းချနေ သောဆိုင်များက
ပြောသည်။
မှောင်ခိုဈေးကွက်တွင် MPT ဆင်းမ်ကတ်ကို ကျပ် ၄,၅၀၀ ဖြင့်ရောင်းချနေပြီး တယ်လီနောဆင်းမ်ကတ်ကို ကျပ် ၂,၅၀၀ နှုန်းဖြင့် ရောင်းချနေခြင်းဖြစ်သည်။
ယခင်ရက်က မှောင်ခိုဈေးကွက်တွင် MPT ဆင်းမ်ကတ်ကို ကျပ် ၃,၅၀၀ ဖြင့် ရောင်းချနေရာ ဝယ်လိုအားမြင့် နေစဉ် ငွေကျပ် ၄,၅၀၀ သို့ ဈေးခုန်တက်သွားခြင်းကြောင့် အရောင်းအဝယ် ပြန်အေးသွားခြင်းဖြစ်ကြောင်း အနော်ရထာလမ်းမဘေး၌ ဆင်းမ်ကတ်ရောင်းချနေသူ ကိုစိုးအေးက ပြောသည်။
‘‘တယ်လီနောပဲသီးသန့် အဝယ်လိုက်နေတာမဟုတ်ဘူး။ MPT က ဈေးခုန်တက်လို့ ရောင်း အားပြန်ကျသွားတာ လေး၊ ငါး ရက်ရှိပြီ။ ရောင်းအားကျတာနှစ်ခု လုံး၊ လိုင်းမမိတာလည်းပါတယ်’’ ဟု ၎င်းက ရှင်းပြသည်။
လွန်ခဲ့သော တစ်လခန့် ကတည်းက စတင်ရောင်းချခဲ့ပြီး တစ်ရက်လျှင် ဆင်းမ်ကတ် ၁၀၀ ဝန်းကျင်ကုန်သော်လည်း ယခု လူစိတ်ဝင်စားမှုလျော့ကျနေ၍ မနည်းအော်ရောင်းနေရကြောင်း လမ်းဘေးဆင်းမ်ကတ်အရောင်း ဆိုင်များထံမှ သတင်းရရှိသည်။
‘‘တယ်လီနောဟန်းဆက် တွေကို ဈေးတင်ရောင်းရင်မဝယ် ပါနဲ့။ တယ်လီနောအရောင်းဆိုင် တွေမှာ ရောင်းပေးသွားမှာပါ။ ဆင်းမ်ကတ်တွေကို ဆက်တိုက် ချပေးနေပါတယ်။ လိုင်းကျပ်မှု အခြေအနေနဲ့ ဈေးကွက်လိုအပ်မှု အခြေအနေစတာတွေကိုချိန်ဆ ပြီး ဆက်ချပေးသွားမှာပါ’’ဟု တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Petter Furberg က ပြောကြားသည်။
သို့သော်လည်း အမှန်တကယ် ဆင်းမ်ကတ်အရောင်းဈေးကွက် မှာ တရားဝင်ဖုန်းဆိုင်များထက် လမ်းဘေးတွင် ရောင်းချသော မှောင်ခိုဈေးကွက်ကိုသာ ဝယ်ယူ လိုသူများက အားကိုးနေရသည်။ ရန်ကုန်မြို့လယ်ကောင်၌ ရောင်း ချသော လမ်းဘေးဖုန်းရောင်းသူ ၂၀ ကျော်ရှိကြောင်း သတင်းရရှိသည်။
‘‘ဖုန်းဆိုင်ကြီးဖွင့်ထားတဲ့ပိုင်ရှင်က ကျွန်တော်ယူရောင်းတဲ့ သူဌေးဆီမှာ တယ်လီနောယူမလားနှစ်ထောင်နဲ့ဆိုပြီးလာစပ်တယ်။ ဖုန်းတွေဘယ်ကရောက်လဲ စဉ်းစားကြည့်ပေါ့’’ဟု လမ်းဘေးတွင် ဆင်းမ်ကတ် ရောင်းသူတစ်ဦးက ပြောသည်။
အမှန်တကယ်ရောင်းချ သော ဆိုင်ကြီးသမားများရှိသကဲ့သို့ ဆင်းမ်ကတ်များချပေးစဉ်က အပြည့်အဝမရောင်းချဘဲ သိမ်းဆည်းထားကာလျှို့ဝှက်ရောင်းချသော ဆိုင်များလည်းရှိကြောင်း ယင်း ဈေးကွက်အတွင်းမှသိရသည်။
၂၀၁၄ ဖေဖော်ဝါရီကစတင် ကာ တယ်လီနောနှင့် အူရီးဒူးကုမ္ပဏီနှစ်ခုက ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ရခဲ့သည်။
http://7daydaily.com/story/26467#.VIUY5snZGM8

No comments:
Post a Comment