မြို့တော်ခန်းမရှေ့ တံခါးဝတွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်းဖွင့်လှစ်မှုကြောင့်
တရားစွဲဆိုခံထားရသည့် မိကျောင်း ကန်သပိတ်စခန်းမှ ပြည်သူ ၁၄ ဦးကို
ကျောက်တံတားတရားရုံးက ထောင်ဒဏ်ခြောက်လစီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
၂၀၁၄ ဒီဇင်ဘာအတွင်းက ရန်ကုန်မြို့တော်ခန်းမ တံခါး ပေါက်ရှေ့တွင် ပိတ်ဆို့၍ သပိတ် စခန်းဖွင့်လှစ်မှုကြောင့် ဒီဇင်ဘာ ၂၃ ရက်၌ မိကျောင်းကန်ပြည်သူ၁၄ ဦးကို ပုဒ်မ ၁၈ ဖြင့် နှစ်မှု၊ စည်ပင်သာယာရေးကော်မတီက ပုဒ် မ ၁၄၃၊ ၃၄၁ တို့ဖြင့် အသီးသီးအမှုဖွင့်တရားစွဲဆိုခဲ့သည်။
တရားစွဲဆိုခံရသည့် မိကျောင်းကန်ပြည်သူ ၁၄ ဦးကို ဖေဖော်ဝါရီ ၁၈ ရက်က ရုံးထုတ်၍ ထောင် ဒဏ် ခြောက်လစီချမှတ်လိုက်ခြင်းဖြစ်သည်။ ထောင်ဒဏ်ခြောက်လချမှတ်ခံရသူများတွင် ၁၂ ဦးသည် အမျိုးသမီးများဖြစ်ပြီး အသက်(၆၀)ကျော်အရွယ်များ ပါဝင်နေသည်။
‘‘ပုဒ်မ ၁၈ နဲ့ နှစ်မှု၊ အဲဒီ ၁၈ က ထောင်တစ်လစီချပါတယ်။ ပုဒ်မ၁၄၃ က ထောင်သုံးလနဲ့ ပုဒ်မ ၃၄၁က ထောင်တစ်လ စုစုပေါင်း ခြောက်လချလိုက်တာပါ’’ဟု မိ ကျောင်းကန်ပြည်သူများကို ရှေ့ နေလိုက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
မိကျောင်းကန်ပြည်သူများသည် သိမ်းဆည်းခံမြေယာများ ပြန်ရရှိရန် ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက်မှ စတင်ကာ မဟာဗန္ဓုလပန်း ခြံဘေးတွင် သပိတ်စခန်းဖွင့်ဆန္ဒ ပြနေသည်။
http://7daydaily.com/story/32056#.VOafQcnZGM8

No comments:
Post a Comment