မြန်မာ-တရုတ်နယ်စပ်
ချင်းရွှေဟော်မြို့တွင် တပ်မတော် ၏ လှုပ်ရှားမှုများကို ဖုန်ကြားရှင်အဖွဲ့ထံ
တိတ်တဆိတ်သတင်းပို့ နေသည့် အရပ်သားများရှိနေသ ဖြင့်ယင်းမြို့တွင်
စစ်ဆေးရေးလုပ် ငန်းများကို တပ်မတော်က အရှိန်မြှင့်လိုက်သည်။
တပ်မ (၁၁)ကချင်းရွှေဟော် မြို့လမ်းဆုံတွင် လုံခြုံရေးတာဝန် ယူလျက်ရှိသည်။ တပ်မတော် ယာဉ်တန်း ထိုမြို့မှ ဖြတ်၍ လောက်ကိုင်မြို့ဘက်သို့ ထွက်သွားပြီးတိုင်း ဖုန်ကြားရှင်အဖွဲ့က တောလမ်းမှ စောင့်ကာ တိုက်ခိုက်နေသောကြောင့် အရပ်သားသတင်းပေး များရှိနေသည်ဟု တပ်မ (၁၁)မှ အရာရှိတစ်ဦးက ပြောသည်။
‘‘ဒီကတက်သွားတာနဲ့ အ ပေါ်ရောက်ရင် အပစ်ခံရတာပဲ။ ဒီမှာ အရပ်သားသတင်းပေးတွေ ရှိနေနိုင်တယ်။ ကျွန်တော်တို့ အဲဒီ လိုသံသယရှိတယ်’’ဟု ပြောကြားသည်။
ထို့ကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့များက ချင်းရွှေဟော်မြို့ တွင်းရှိ အိမ်များကို စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားခဲ့သည်။
ချင်းရွှေဟော်မြို့တွင် ကိုး ကန့်လူမျိုးများ အများဆုံးနေထိုင် ပြီး နေအိမ်နှင့် ဈေးဆိုင်အားလုံး ပိတ်ထားကာ အချို့လုပ်ငန်းရှင် များက ၎င်းတို့၏ ဂိုဒေါင်တွင်းမှ ပစ္စည်းများအား ကားများဖြင့်တရုတ်နိုင်ငံသို့ ပြန်လည်သယ်ယူနေသည်ကို တွေ့ရသည်။
ဖေဖော်ဝါရီ ၁၈ ရက် နေ့ လယ်က ချင်းရွှေဟော်မြို့တွင်း ဘက်မှ မောင်းနှင်လာသည့် ဆိုင် ကယ်စီးနင်းသူတစ်ဦးကို အရပ် သားသတင်းပေးဟု သံသယရှိ သောကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။
http://7daydaily.com/story/32037#.VOafi8nZGM8

No comments:
Post a Comment