February 20, 2015

လောက်ကိုင် စစ်ဘေး ဒုက္ခသည်များ မိမိသက်ဆိုင်ရာ ဒေသပြန်ရန် ငွေကြေး လိုအပ်

ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသ အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ သက်ဆိုင်ရာ ဒေသများသို့ ပြန်နိုင်ရန် ငွေကြေး လိုအပ်နေကြောင်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။ ဒုက္ခသည် အများစုက တခြားဒေသက သူတွေ ဖြစ်တဲ့ အတွက် နေရပ်ပြန်ဖို့ ပိုက်ဆံ တစ်ပြား တစ်ချပ်မှ မရှိဘူး ဖြစ်နေတယ်။ အဲဒါကြောင့် တတ်နိုင် သလောက် လှူဒါန်း သွားမယ် ဟု နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
                လက်ရှိ စစ်ဘေး ဒုက္ခသည် များအား ကူညီ လှူဒါန်းရန် နာရေး ကူညီမှု အသင်းနှင့် ရွှေစင်္ကြာ ယာဉ်လိုင်းတို့ ပူးပေါင်းကာ  ပြင်ဦးလွင် ဆေးရုံရှိ ဒုက္ခသည်များအား ငွေကျပ်သိန်း ခြောက်ဆယ်နှင့် ဆေးဝါးများ လှူဒါန်းနေကြောင်း သိရသည်။ ယင်းကဲ့သို့ လှူဒါန်း ပြီးပါက လားရှိုးမြို့ရှိ စစ်ဘေးရှောင် ဒုက္ခသည်များ ကိုလည်း ငွေကြေးနှင့် ဆေးဝါးများ ထပ်မံ လှူဒါန်း သွားမည် ဖြစ်ကြောင်း ဦးကျော်သူက ဆိုသည်။
                 သူတို့ကို အစားအသောက် လှူမယ့် သူက များတယ်။ အဓိက ငွေကြေးပဲ။ လှူတဲ့သူက နည်းနေသေးတယ် ဟု နာရေးကူညီ မှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ထပ်လောင်း ပြောဆိုသည်။ လောက်ကိုင် ဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉) ရက်နေ့မှစ၍ ဖုန်ကြားရှင် တပ်ဖွဲ့နှင့် တပ်မတော် အစိုးရတို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ သောကြောင့် ယင်းဒေသတွင် နေထိုင်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ ရသည်။ အဆိုပါ တိုက်ပွဲကြောင့် မြန်မာ့ တပ်မတော်မှ အရာရှိ အပါအ၀င် အခြား အဆင့် တပ်မတော်သား တချို့ ကျဆုံးခဲ့ ခြင်းကြောင့် ကျန်ရစ်သူ မိသားစု များအား လှူဒါန်းရန် တပ်မတော် မှလည်း အလှူငွေ ကောက်ခံလျက် ရှိကြောင်း မြ၀တီရုပ်သံ၏ ဖော်ပြချက် အရ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32193

No comments:

Post a Comment