ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ မိုးကောင်းနှင့် ဖားကန့် လမ်းတစ်လျှောက်တွင်
တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA/KIO) တို့ တိုက်ပွဲများ
ပြန်လည် ဖြစ်ပွားနေပြီး၊ လက်ရှိ အချိန်ထိ အခြေအနေ တင်းမာနေ သေးကြောင်း KIA
တပ်ရင်း(၆)မှ သတင်း ရရှိသည်။
တောက်လျှောက်ကို
တိုက်ပွဲ ဖြစ်ခဲ့တယ်။ ဒီနေ့တော့ ငြိမ်နေတယ်။ အချိန်မရွေး တိုက်ပွဲ
ဖြစ်ပွားနိုင်တဲ့ အနေအထား ရှိတယ်။ ကျွန်တော်တို့ ဘက်က ပြောက်ကျားနည်းကို
သုံးနေတော့ သူတို့ဘက်က အကျအဆုံး တော်တော်များ လိမ့်မယ်။ အခု ဖြစ်နေတာက
လောက်ကိုင်ထဲကို တပ်မတော်က မ၀င်နိုင် အာင်ပစ် နေတာ မဟုတ်ပါဘူး။
ကျွန်တော်တို့ နယ်မြေထဲ ၀င်လာရင်တော့ ကျွန်တော် တို့ကတော့
ပြောက်ကျားနည်းသုံးရ မှာပဲ ဟု KIA တပ်ရင်း (၆) တပ်မှူးဗိုလ်မှူး တန်ဆိုင်း က
The Messenger Media သို့ ပြောသည်။
ဇန်န၀ါရီလ
အတွင်းက ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် KIA တိုက်ပွဲတွင် ဖားကန့် ဒေသ၍
တပ်မတော်ဘက်မှ တပ်မ(၆၆) တပ်စွဲခဲ့သော်လည်း လက်ရှိအချိန်တွင် ယင်းတပ်မ (၆၆)
မရှိတော့ကြောင်း KIA တပ်ရင်း (၆)မှ သိရသည်။ ကျွန်တော်တို့ဆီကို သတင်းတက်
မလာသေးဘူး။ တက်လာတာနဲ့ ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးသွား မှာပါ ဟု
တပ်မတော်မှ အရာရှိ တစ်ဦးက ပြောသည်။
ဇန်န၀ါရီလ (၁၄)
ရက်နေ့တွင် ကချင် ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကမန်းဒူးနော်အား
KIA က သေနတ်ပစ်ဖောက် စစ်ဆေး ခဲ့ပြီး လုံခြုံရေး ၀န်ထမ်း အဖြစ် လိုက်ပါ
လာသည့် ရဲဝန်ထမ်း သုံးဦးကို KIA က ဖမ်းဆီးခေါ်ဆောင် သွားခြင်းကြောင့်
တပ်မတော်နှင့် KIA တို့ ဖားကန့်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယင်းကဲ့သို့ ဖြစ်ပွားခဲ့ ပြီးနောက် တပ်မတော်နှင့် KIA တို့ကြား
တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ သော်လည်း ယခုလ ရက်ပိုင်း
အတွင်း ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသတွင်
တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်တပ် (MNDAA) တို့ တိုက်ပွဲများ
ဖြစ်ပွားနေပြီး၊ အဆိုပါ တိုက်ပွဲတွင်လည်း အခြားသော တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အတူ KIAကလည်း ၀င်ရောက် တိုက်ခိုက်ပေး
နေကြောင်း KIA ထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32229
No comments:
Post a Comment