မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လုပ်ခလစာ ဈေးအသက်သာဆုံးဖြစ်သည့် နိုင်ငံ ၅
နိုင်ငံတွင် ပါဝင်နေသည့် အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်
တရုတ်နိုင်ငံများထက် ကုန် ပစ္စည်းထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ရန်
ပိုမိုဆွဲဆောင်မှုရှိနေသည်ဟု လေ့လာ သူများက ဆိုသည်။
“မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယား နိုင်ငံ တွေမှာ ကုန်ပစ္စည်း
ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ကမ္ဘာ့ အသက်သာဆုံး လုပ်အားခတွေကြောင့် အကျိုး
အမြတ်ရရှိနေပါတယ်” ဟု စီးပွားရေး စွန့်စားမှုလေ့ လာ စောင့်ကြည့်သည့်
အဖွဲ့အစည်း တခုဖြစ်သော Verisk Maplecroft ကဆိုသည်။
အဆိုပါအဖွဲ့၏ လုပ်အားခ ညွှန်းကိန်းသည် နိုင်ငံပေါင်း ၁၇၂ နိုင်ငံမှ
လုပ်သားထု၏ လုပ်ခလစာများ၊ အလုပ် အကိုင် စည်းမျဉ်းစည်းကမ်းများ၊ လူမှု
ဖူလုံရေးကဏ္ဍ ပါဝင်မှုနှင့် ကုန်ကျစရိတ် (အခြား နိုင်ငံများနှင့် နှိုင်းစာ
လျှင်) ချိုသာစွာဖြင့် ထုတ်လုပ် နိုင်မှုတို့ကို စုပေါင်းပြီး
တိုင်းတာဖော်ပြထားခြင်း ဖြစ်သည်။
လုပ်အားခဈေးနှုန်းသက်သာသည့် မြန်မာနိုင်ငံသည် လုပ်အားခညွှန်းကိန်းတွင်
အကောင်းဆုံး ၅ နိုင်ငံထဲ၌ ပါဝင်နေပြီး လုပ်အားခများ ကြီးမြင့်လာ သော
တရုတ်နိုင်ငံက အဆင့် ၆၄ တွင် ရှိနေသည်။ ထိုင်းနိုင်ငံက ညွှန်းကိန်းတွင်
အဆင့် ၉၃ ၌ ရှိနေ သည်။ ညွှန်းကိန်းတွင် ဂဏန်းပိုကြီးသည်နှင့်အမျှ လုပ်ခလစာ
သက် သာမှုအရ နှိုင်းယှဉ်ချက်တွင် အဆင့်ပိုကောင်းလာသည်။
“တရုတ်နိုင်ငံမှာ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်လာတာနဲ့အညီ
အလုပ်သမားဈေးကွက်မှာ ကုန်ကျစရိတ် မြန်မြန်ဆန်ဆန် တက်လာခဲ့တာကို တွေ့ရပါတယ်။
တချိန်တည်းမှာပဲ ညွှန်းကိန်းမှာ ကောင်းမွန်ပြီး ကုန်ကျ စရိတ်အသက်သာဆုံး
ထိပ် တန်း နိုင်ငံ ၅ခု ထဲမှာ ပါဝင်နေတဲ့ မြန်မာ (အဆင့် ၁၇၁)၊ ဘင်္ဂလားဒေ့ရှ်
(အဆင့် ၁၇၀) နဲ့ ကမ္ဘော ဒီးယား (အဆင့် ၁၆၉) စတဲ့ နိုင်ငံတွေဟာ တရုတ်
နိုင်ငံက ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ ရဲ့နေရာ ကို အစားထိုးပြီးတော့
ကမ္ဘာ့ထုတ်လုပ်ရေး လုပ်ငန်းကြီး တွေအတွက် အဓိကကျတဲ့နေရာတွေ ဖြစ်လာပါ တယ်” ဟု
Verisk Maplecroft ကပြောသည်။
မြန်မာနိုင်ငံ၏အထက်တွင် အာဖရိက အရှေ့ ပိုင်းမှ နိုင်ငံငယ်လေးတခုဖြစ်သည့်
ဂျီဘူတီနိုင်ငံသာ ရှိသည်။ အလုပ်သမားခဈေးနှုန်း အမြင့်မားဆုံးနိုင်ငံ ၁၀
ခုလုံးမှာ ဥရောပမှဖြစ်သည်ဟု Verisk Maplecroft ၏ လေ့လာမှုအရ သိရသည်။
သို့သော်လည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယားနိုင်ငံများတွင်
စက်ရုံများတည်ထောင် ရေးအတွက် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်
စွမ်းကို လုပ်ငန်းခွင်အခြေအနေအားနည်းမှု၊ ကလေး အလုပ်သမားနှင့် လူကုန်ကူးမှု
စသည့် စီးပွားရေး စွန့်စားရမှု ဂုဏ်သိက္ခာနှင့်ဆိုင်သော အကြောင်းများက
ထိခိုက်စေသည်ဟု က ဆိုသည်။
ကုမ္ပဏီများအနေဖြင့် ကုန်ကျစရိတ်နည်းသည့် နေရာများတွင်
လုပ်ငန်းလုပ်ကိုင်ခြင်း သို့မဟုတ် ထိုနေရာများ မှ
အရင်းအမြစ်ရယူခြင်းတို့နှင့် ယှဉ်တွဲ နေသော စွန့်စားရမှုများကို သတိထားရန်
လိုအပ် မည်ဟုလည်း Verisk Maplecroft ၏ လေ့လာမှုတွင် ဖော်ပြထားသည်။
“မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယား နိုင်ငံ တွေမှာ အလုပ်သမားစရိတ်
နည်းပါးနေတဲ့အချိန်မှာ အဲဒီနိုင်ငံ တိုင်းရဲ့ ကျန်းမာရေးနဲ့
ဘေးကင်းလုံခြုံရေး၊ လုပ်ငန်းခွင်အခြေအနေ၊ ကလေးအလုပ်သမားနဲ့ လူကုန်ကူးမှု
စတာတွေက စွန့်စားရမှုနှုန်း အလွန်မြင့် မားနေပါတယ်။ လူမှုစီးပွား
ဖွံ့ဖြိုးတိုးတက်မှု အဆင့် အတန်း နိမ့်ကျ ပြီးတော့ လုံလောက်တဲ့ သဘာဝ
ပတ်ဝန်းကျင် ကာကွယ်မှုတွေမရှိတဲ့ နိုင်ငံတွေမှာ ကုန်အမှတ်တံဆိပ် ထိခိုက်တာ၊
ရင်းနှီးမြှုပ်နှံသူ ပြန် ဆုတ်သွားတာနဲ့ ဥပဒေအရ ရင်ဆိုင်ရတာတွေ အပါ အဝင်
စီးပွားရေးကို သွယ်ဝိုက်ပြီးနစ်နာစေတဲ့ အပို စွန့်စားရမှုတွေ ရှိနိုင်ပါတယ်”
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယား နိုင်ငံများတွင်း
ပျမ်းမျှလုပ်ခလစာသည် တလလျှင် အမေရိကန် ဒေါ်လာ ၁၀ဝ ထက်နည်းပြီး
တရုတ်နိုင်ငံတွင်မှု တလလျှင် အမေရိကန်ဒေါ်လာ ၄၅၀ ခန့်ရှိသည်ဟု
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ အဆိုအရ သိရသည်။
မြန်မာ့စီးပွားရေးကို ကာလကြာရှည်စွာလေ့လာ ခဲ့သူ တဦးဖြစ်သော
စီးပွားရေးပညာရှင် ရှောင်တာနဲ(Sean Turnell)က “နှစ်သက်စရာမဟုတ်ပေမယ့်
လိုအပ်လို့ လက်ခံထားရတာတခု ရှိပါတယ်။ ကုန်ထုတ် စွမ်းအားနိမ့်ပြီးတော့
လုပ်သားအင်အားကို ဦးစားပေးတဲ့ နည်းလမ်းကို ပထမအဆင့် ထားပြီးတော့ စစ်မှန်တဲ့
စက်မှုဖွံ့ဖြိုး တိုး တက်မှုကို အသွင်ကူးပြောင်း တဲ့ အစဉ်အလာနည်းလမ်းအပြင်
တခြားလမ်းကြောင်း ခုချိန်အထိမရှိသေး ပါဘူး။ များသောအားဖြင့် ပထမ အဆင့်ဟာ
အဝတ်နဲ့ ချည်ထည်လုပ်ငန်းကဏ္ဍတွေ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။
Verisk Maplecroft မှ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းလေ့လာဆန်းစစ်သူ
တဦးဖြစ်သော John Thompson က မြန် မာနိုင်ငံ၏ လုပ်ငန်းကဏ္ဍ အများစုတွင်
အနည်းဆုံးလုပ်ခလစာနှုန်း သတ်မှတ်ထားခြင်း မရှိသည့်အတွက် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံ သူများအနေဖြင့် အလုပ်သမားများ အပေါ်တွင်
ခေါင်းပုံဖြတ်သည်ဟု စွပ်စွဲခံရနိုင်သည့် အားနည်း ချက်များ ရှိနေသည်ဟု
ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံမှ လုပ်ခအနည်းဆုံး အလုပ်သမား များသည် တနေ့လျှင် ၁၇၀ဝ မှ ၂၀ဝ၀ ကျပ်ခန့်သာ ရရှိ နေကြသည်။
“ကမ္ဘာပေါ်မှာ အမြင့်ဆုံး အလုပ်သမားရေး စွန့်စားရမှုတချို့ မြန်မာနိုင်ငံမှာ
ဆက်ပြီးရှိနေပါတယ်။ အလုပ်လုပ်ကိုင်ရတဲ့ အခြေအနေ ညံ့ဖျင်းခြင်း၊
လုပ်ငန်းခွင်စစ်ဆေးမှု အလွန်အမင်း အားနည်းခြင်း၊ အလုပ်သမားသမဂ္ဂတွေကို
ဆန့်ကျင်ကန့်သတ်ထား ခြင်းတွေကြောင့် တိုင်းပြည်တွင်းမှာ အခြေပြုတဲ့ ဒါမှ
မဟုတ် လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအတွက် ဂုဏ်သိက္ခာဆိုင်ရာ
စွန့်စားရမှုတွေ အများအပြား ဖြစ်လာစေပါတယ်” ဟု John Thompson က ဧရာဝတီသို့
ပြောသည်။
“မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ်ကစပြီး အလုပ် သမားနဲ့ လူ့အခွင့်အရေး
ကာကွယ်မှုတွေ တိုးတက် လာတာကို ပြသနိုင်ခဲ့ပေမယ့် အတက်ဘက်ကို ဦးတည်နေတာကို
ဆက်လက်ထိန်းထားနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေကတော့
ဆက်ပြီးရှိနေတုန်းပါပဲ။ နောက်လာမယ့် ၃ နှစ်ကာလဟာ ဖွံ့ဖြိုးစ ပြုပြင်
ပြောင်းလဲရေးကို ပိုမိုခိုင်မာလာအောင် လုပ်တဲ့နေရာ မှာ အရေးပါတဲ့
ကာလဖြစ်ပါတယ်။ အများစုက တိုင်းပြည်ရဲ့ ရေရှည်တိုးတက်မှုကို ပြတ်သားအောင်
ပုံဖော်ပြမှာလည်း ဖြစ်ပါတယ်” ဟု သူကဆိုသည်။
ဩစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ ပါမောက္ခ ရှောင်တာနဲကလည်း
“မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး တွေကို လိုက်နာခြင်းက အားသာမှုတွေ
အများကြီး ရနိုင်ပါတယ်။ အထူးသဖြင့် ချမ်းသာကြွယ်ဝပြီး လူ့
အခွင့်အရေးကိုအလေးပေးတဲ့ အမေရိကန်နဲ့ အနောက် နိုင်ငံတွေက ဖောက်သည်တွေအတွက်
ကုန်ပစ္စည်း တွေ ထုတ်လုပ်ပေးတဲ့နေရာမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့
အလုပ်သမားဆိုင်ရာ အလေ့အထတွေကြောင့် အကုန်အကျ ပိုများသွားမှာ မဟုတ်ပါဘူး။
မတည်ငြိမ်မှုတွေကို တားဆီးပေးနိုင်တဲ့အတွက် ကုန်ထုတ်လုပ်မှုကိုလည်း
တိုးတက်စေနိုင်ပါတယ်” ဟု ပြောသည်။
http://burma.irrawaddy.org/business/2015/03/09/72292.html

No comments:
Post a Comment