March 11, 2015

ရိုးသားတဲ့ ကျောင်းသားလေးတွေကိုပဲ သနားတယ်



အခြေခံကျကျပဲ တွေးတွေး။
ယုတ္တိဗေဒနဲ့ပဲ တွေးတွေး။
ယနေ့ကျောင်းသားလူငယ်များနှင့် ရဲဝန်ထမ်းများ အကြားမှာ ရန်ငြိုးရန်စ မရှိဘူးဆိုတာ လက်ခံရမယ်။
ကျောင်းသားလူငယ်တွေနှင့် ရဲဝန်ထမ်း
ဘာကြောင့် အကြမ်းဖက်ဖြိုခွင်းမှုအောာက်မှာ အကြမ်းဖက်ခံရသူနှင့် အကြမ်းဖက်သူအဖြစ်ကို ပြောင်းလဲသွားရတာလဲ….

ပညာရေးဥပဒေကို လုပ်ထုံးလုပ်နည်းနှင့်အညီ လွှတ်တော်အတွင်း ဆွေးနွေးနေ့သည့်အချိန်၊
ဆရာတော်၊ သံဃာတော်များနှင့်တကွ တစ်ချို့သော အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံမှုများကို လက်ခံပြီး ဘာကြောင့် သပိတ်ကို ခေတ္တခဏ ရပ်ဆိုင်းပြီး မစောင့်ကြည့်နိုင်ကြတာလဲ….

အကြမ်းဖက်ခံချင်နေသူတွေက အကြမ်းဖက်အောင် လုပ်နေတာလား….

အကြမ်းဖက်ချင်သူတွေက အကြမ်းဖက်လို့ ရအောင် အတွင်းက နှိုးဆွပေးနေတာလား….။

လက်ရှိနိုင်ငံမှာ အကြီးအကဲ၊ ဥက္ကဋ္ဌလုပ်နေသူတွေ၊ နိုင်ငံရေးပါတီပေါင်း  ၆၀ ကျော်က ခေါင်းဆောင်တွေ၊ ပြည်သူတွေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ (ကြားဖြတ်ရွေးကောက်ပွဲ အပါအ၀င်)

သူတို့အားလုံး ကျောင်းသားဘ၀က ဖြတ်သန်းခဲ့ကြတာပါပဲ…

သူတို့အားလုံး ဘာကြောင့် ကြားဝင်ဖြန်ဖြေပေးမှု မရှိတာလဲ….
 ဘာကြောင့် ကြားဝင်ညှိနှိုင်းပေးမှု မရှိတာလဲ…

ကျောင်းသားတွေကြားမှာ ဘာတွှေရှိနေလို့လဲ…
ဘာကြောင့်လဲ..ဘာကြောင့်လဲ…ဘာကြောင့်လဲ….

ဘာပဲဖြစ်ဖြစ် တကယ်ရိုးသားဖြူစင်တဲ့ ကျောင်းသားလေးတွေကိုပဲ သနားနေမိတယ်…
ကျောင်းသားလေးတွေကို ပြောတာပါ….

စာရေးသူ…. ရိုးရိုး ကျောင်းသားဟောင်း
4974635768080921590#editor/target=post;postID=5538728688350567960

No comments:

Post a Comment