February 24, 2015

လားရှိုးမြို့၊ အည တ ရ စစ် သည် ဗိ မာန် ၌ လောက် ကိုင် ဒေ သ တိုက် ပွဲ များ တွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသင်္ဂြိုလ်သည့် စစ်အခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ သော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသင်္ဂြိုလ်သည့် စစ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် လားရှိုးမြို့၊ အညတရ စစ်သည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ဂုဏ်ပြု တပ်ဖွဲ့ဝင်များက စစ်အခမ်းအနားဖြင့် အလေးပြုကြပြီး စစ်ခရာ အဖွဲ့မှ ကျဆုံး ရဲဘော်အလေးပြု ခရာမှုတ်၍ အလေးပြုကြသည်။
ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက လောက်ကိုင်ဒေသ တိုက်ပွဲများ တွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အထိမ်းအမှတ် အညတရ စစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြပြီး ကျဆုံးသွားသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်း သင်္ဂြိုလ်ခဲ့ကြကြောင်း သတင်းရရှိသည်။
 http://myawady.net.mm/allnews/headline/item/60999-2015-02-23-21-22-45

No comments:

Post a Comment