February 24, 2015

တိုက်ပွဲရှောင် ပြည် သူ များ လောက် ကိုင် မြို့ အ တွင်း သို့ ပြန် လည် ဝင် ရောက် အခြေပြု နေထိုင်

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၃
လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၉ ရက်မှစ၍ တပ်မတော် စစ်ကြောင်းများနှင့် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် လောက်ကိုင်မြို့နှင့်ပတ်ဝန်း ကျင် ကျေးရွာများ မှ ဒေသခံ ပြည်သူ များသည် တစ်ဖက်နိုင်ငံ နယ်စပ်နှင့် လားရှိုးမြို့များသို့ တိမ်းရှောင် ရွှေ့ပြောင်းခဲ့ကြသည်။
ယခုအခါ တပ်မတော် စစ်ကြောင်းများ၏ နယ်မြေရှင်းလင်း ဆောင်ရွက်မှုများကြောင့် လောက်ကိုင်မြို့ အတွင်း တစ်စတစ်စ တည်ငြိမ်အေးချမ်းစ ပြုလာပြီ ဖြစ်သဖြင့် တစ်ဖက်နိုင်ငံ နယ်စပ်သို့ ရွှေ့ပြောင်း နေထိုင်ခဲ့ကြသည့် တိုက်ပွဲရှောင် ပြည်သူများ သည် လောက်ကိုင်မြို့သို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်မှ ယနေ့အထိ အိမ်ထောင်စု ၁၅၅ စု ၊ လူဦးရေ ၅၃၉ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၂၅၇ ဦး စုစုပေါင်း ၇၉၆ ဦးတို့သည့် လောက်ကိုင်မြို့ အတွင်းသို့ ပြန်လည်ဝင်ရောက် အခြေပြု နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
http://myawady.net.mm/allnews/headline/item/61001-2015-02-23-21-45-19

No comments:

Post a Comment