မွန်ပြည်သစ်ပါတီဒုဥက္က ဋ္ဌ နိုင်ဟံသာဦးဆောင်သော တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် လေးဦးသည် နေ ပြည်တော်၌ ပထမဆုံးအကြိမ်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ
ဝန်ကြီးဦးအောင်မင်းနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။
ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ(UNFC) တွင် ဒုတိယ
ဥက္ကဋ္ဌ (၁)တာဝန်ယူထားသော နိုင်ဟံသာ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ
(တွဲဖက်အထွေထွေအတွင်းရေး မှူး) (၁)၊ ဆလိုင်းထလာဗေား
(တွဲဖက်အထွေထွေအတွင်းရေး မှူး ၂)နှင့် ဦးထွန်းဇော်စသည့်
တိုင်းရင်းသားခေါင်းဆောင် လေး ဦးက ၀န်ကြီး ဦးအောင်မင်း ဦး ဆောင်သော
အဖွဲ့နှင့် နိုဝင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ သမ္မ တရုံးဝန်ကြီးဌာန၌
တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ အနေဖြင့်
လာရောက်တွေ့ဆုံခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်
ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT)ကို ကိုယ်စားပြုလာ ရောက်ခြင်း
မဟုတ်ကြောင်းလည်းသတင်းရရှိသည်။
‘‘နောက်ဆွေးနွေးပွဲအတွက် ဖြစ်နိုင်ခြေနည်းလမ်းကို ရှာတဲ့
သဘောအလွတ်ဆွေးနွေးကြတာ ပါ’’ဟု မြန်မာ့ငြိမ်းချမ်းရေး
ပြန်လည်ထူထောင်ရေးဗဟိုဌာန အကြီးတန်းအကြံပေး ဦးလှမောင် ရွှေကပြောသည်။
နိုင်ဟံသာဦးဆောင်သော တိုင်းရင်းသားခေါင်းဆောင် လေး ဦးမှာ ၂၀၁၃
ခုနှစ်အတွင်း ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် လာ ရောက်ခဲ့ပြီး
နေပြည်တော်သို့ ယခုလာရောက်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်းသတင်းရရှိ
သည်။
http://7daydaily.com/story/24688#.VGF1e1cYuM8
No comments:
Post a Comment