ဆင်းရဲနွမ်းပါးသော
အမျိုးသမီးများအား ပြည်တွင်း လူမှုရေးအဖွဲ့အစည်းတစ်ခုက
ယာဉ်မောင်းသင်တန်းကျောင်းတစ်ခုနှင့်ချိတ်ဆက်ကာ
အခမဲ့ယာဉ်မောင်းသင်တန်းပေးရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိ သည်။
မြန်မာအမျိုးသမီးများလုပ် ငန်းအခွင့်အလမ်း ဖွံ့ဖြိုးရေး အသင်း (MWODA)က ငွေကြေး စိုက်ထုတ်အကုန်အကျခံကာ JES Driver Academy ယာဉ်မောင်း သင်တန်းကျောင်းနှင့်ချိတ်ဆက် ၍ အခမဲ့သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အလုပ်အကိုင်ရရှိသည်အထိ တာဝန်ယူဖြည့်ဆည်းပေးသွား မည်ဟု MWODA မှ တာဝန်ရှိသူ ဒေါ်ကေခိုင်အောင်ခင်ကပြော သည်။
‘‘ဆင်းရဲနွမ်းပါးတဲ့အမျိုးသ မီးတွေအတွက် ဘ၀အာမခံချက် ရစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီအစီ အစဉ်ကိုလုပ်ဖြစ်တာပါ။ သူတို့ ဘ၀ရပ်တည်မှုအတွက် ဘာလုပ် ပေးနိုင်မလဲစဉ်းစားတော့ ၀င်ငွေ လည်း အထိုက်အလျောက် ကောင်းပြီး ဂုဏ်သိက္ခာရှိရှိ ရပ်တည်လုပ် ကိုင်နိုင်မယ့် ဒီယာဉ်မောင်းအလုပ်ကို သွားတွေ့ပြီး အကောင်အ ထည်ဖော်ဖို့ဖြစ်လာတာပါ’’ဟု ဒေါ်ကေခိုင်အောင်ခင်ကပြော သည်။
‘‘ယာဉ်မောင်းသင်တန်း တက်ရောက်နိုင်ဖို့အတွက် ကျွန်မ တို့နဲ့ စိတ်သဘောထားတူတဲ့ ယာဉ်မောင်းသင်တန်းတစ်ခုနဲ့ လည်း ချိတ်ဆက်ထားပြီးသားပါ။ သူတို့ကလည်း ငွေကြေးမတတ် နိုင်တဲ့ အမျိုးသမီးငယ်တွေ ကို ဒီလိုအတတ်ပညာသင်ပေးပြီး ဘဝမြင့်တင်ပေးမယ့် ကိစ္စကို သဘောကျတယ်။ ဒါကြောင့် သင်တန်းကြေးကိုတောင် ကျွန်မ တို့ဆီက တစ်ဝက်ပဲယူတယ်။ သင်တန်းပြီးသွားရင်လည်း အလုပ်အကိုင်ရဖို့အတွက် ကျွန်မတို့ဆီ ကမ်းလှမ်းထားတဲ့ကုမ္ပဏီတွေရှိ နေတာကြောင့် အဆင်ပြေပါ တယ်’’ဟု ဒေါ်ကေခိုင်အောင်ခင်ကပြောသည်။
၎င်းတို့အသင်းအနေဖြင့် လောလောဆယ်တွင် ငွေကြေး အင်အားအခက်အခဲကြောင့် တစ် လလျှင် ဆယ်ဦးနှုန်းသာ လက်ခံ ပံ့ပိုးသွားနိုင်ဦးမည်ဖြစ်ကာ တက် ရောက်ခွင့်ရသူများမှ တစ်စုံတစ် ရာငွေကြေးပေးစရာမလိုဘဲ မိမိ ခရီးစရိတ်နှင့် စားစရိတ်သာကုန် ကျခံမည်ဟုသိရသည်။
‘‘တစ်လဆယ်ဦးပဲသင်တန်း ပေးနိုင်တယ်ဆိုပေမယ့် လျှောက် တာက လအလိုက်မဟုတ်ဘဲ အခုကတည်းက လျှောက်ထားလို့ရ ပါပြီ။ လျှောက်ထားတဲ့သူတွေထဲ ကနေရွေးချယ်ပြီး အသင်းကနေ လစဉ်ဆယ်ဦးစီသင်တန်းပို့ပေး သွားမှာပါ’’ဟု ယင်းအသင်းမှ တာဝန်ရှိသူ ဒေါ်ကြည်လေးလွင်ကပြောသည်။
သင်တန်းကာလမှာ တစ်လ ကြာမြင့်မည်ဖြစ်ပြီး ယာဉ်မောင်း လိုင်စင်ရရှိရန် နောက်ထပ်နှစ်လ ခန့်စောင့်ဆိုင်းရမည်ဖြစ်သဖြင့် ယင်းကြားကာလတွင် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းသိရှိနား လည်သဘောပေါက်စေရန် မြို့ တွင်းပြေးဆွဲနေသော ဘတ်စ်ကားများတွင် ယာဉ်နောက်လိုက်အဖြစ် လိုက်ပါစေ၍ နေ့စားအဖြစ်သင် ကြားလိုက်ပါ တာဝန်ထမ်းဆောင် ရမည်ဟုသိရသည်။
‘‘အဲဒီအတွက် မထသတို့ နောက်ဆွဲမယ့်အမျိုးသမီးသီးသန့် ယာဉ်လိုင်းတို့နဲ့ ညှိထားပါတယ်။ တစ်ရက်ကို နေ့စားခကျပ်နှစ် ထောင်ကျော်လောက်နဲ့ နေ့စား သဘောလုပ်ဖို့ကိုပါ။ ဒီလိုလုပ်မှ ယာဉ်လမ်းကြောင်း၊ ယာဉ်စည်း ကမ်းတွေလက်တွေ့ကျကျ သိရှိ သွားမှာဖြစ်ပါတယ်’’ဟု ဒေါ်ကေ ခိုင်အောင်ခင်ကပြောသည်။
MWODA ကိုလုပ်ငန်းအခွင့် လမ်းနည်းပါးနေသော အမျိုးသမီး များအတွက် ကူညီဆောင်ရွက် နိုင်ရန် အောက်တိုဘာအတွင်း ကမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၎င်း တို့မွေးထုတ်ပေးလိုက်သောသူ များအနေဖြင့် ဝန်ဆောင်ခကြေး ပေးဆောင်စရာမလိုသော်လည်း လုပ်ငန်းခွင်ဝင်ရောက်ပါက လစဉ် ကျပ်တစ်ထောင်ကို အသင်းဝင် အနေဖြင့်ထည့်ဝင်ရန်သတ်မှတ် ထားသည်။
http://7daydaily.com/story/24818#.VGQXrFcYuM8

No comments:
Post a Comment