November 14, 2014

အာဆီယံ ပြည်တွင်းလေကြောင်းလိုင်းများ ပိုင်ဆိုင်ခွင့် စိန်ခေါ်မှုကြုံတွေ့ရမည်ဟု အဖွဲ့ဝင်မြန်မာသုံးသပ်

၂၀၁၅ တွင် စတင် အကောင်အထည်ဖော်မည့် အာဆီယံအတွင်း လေကြောင်းပျံသန်းမှုဈေးကွက် တစ်ခု တည်းဖြစ်စေရေး ဦးတည်သည့် National Asian Single Aviation Market  စီမံချက်အရ ပြည်တွင်း လေ ကြောင်းလိုင်းများသည် ပိုင်ဆိုင်ခွင့်ဆိုင် ရာစိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ညွှန်ချုပ်ဦးဝင်းဆွေထွန်းက မဇ္ဈိမကို ပြောသည်။
25th-ASEAN-Summit-Conference
နပြည်တော် ဒက္ခိဏသိရိမြို့နယ်ရှိ MICC 1 တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၅ ကြိမ်မြောက် အာဆီယံအစည်းအဝေးဖွင့်ပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အာဆီယံနိုင်ငံ ခေါင်းဆောင်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၊ Green Hill Hotel တွင်ကျင်းပသည့် National Asian Single Aviation Market Conference တွင် ဦးဝင်းဆွေထွန်းက အထက်ပါအတိုင်း ပြောသည်။
အာဆီယံဒေသအတွင်း လေကြောင်းပျံသန်းမှု ဈေးကွက်တစ်ခုတည်းဖြစ်စေရန် ဆောင်ရွက်ရာတွင် ပြည် တွင်းလေကြောင်း လိုင်းများသည် ပြည်ပလေကြောင်းလိုင်း များနှင့်ပူးပေါင်းခြင်း၊ ပြည်တွင်းလေကြောင်း လိုင်းအချင်းချင်း ပူးပေါင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သဖြင့် ပိုင်ဆိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်အတွက် ယှဉ် ပြိုင်မှုများ ပြင်းထန်လာနိုင်သည်ဟု ၎င်းက ရှင်းလင်းပြော ကြားခဲ့သည်။
အာဆီယံဒေသတွင်း လေကြောင်းပျံ သန်းမှု ဈေးကွက်တစ်ခုတည်းဖြစ်ရေး စီမံချက်ကို ၂၀၁၅တွင် စတင် ရန် အာဆီယံ ခေါင်းဆောင်များက သဘောတူထားပြီး ဖြစ်သော်လည်း ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖွုဖြိုးမှု အခြေအနေ မညီမျှမှုကြောင့် စိန်ခေါ်မှုများနှင့်တွေ့ကြုံရမည်ဖြစ်ကြောင်း ဦးဝင်းဆွေထွန်းက ရှင်းလင်း သည်
ထိုစီမံချက်ကို အကောင်အထည်ဖော်ရန် အီးယူမှ နည်းပညာ၊ လူသားရင်း မြစ်ဖွံ့ဖြိုးရေး၊ အခြေခံဆောက် အအုံ ဖွံ့ဖြိုးရေးစသည်တို့ကို တစ်နိုင်ငံချင်း အတိုင်းအတာဖြင့် ကူညီသွားမည် ဖြစ်သည်။
“၂၀၁၆ အထိ အီးယူဘက်က အကူအညီပေးတဲ့ ကိစ္စကိုလုပ်လိမ့်မယ်။ Aviation Marke  လုပ်တယ်ဆိုတဲ့ အတွက် အခွင့်အရေးရလာသလို စိန်ခေါ်မှုတွေလည်း ရှိနေတယ်” ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။
ဆက်လက်၍  “အာဆီယံရဲ့ မူဝါဒတွေကို မဆန့်ကျင်ဘဲ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး အခွင့်အရေးတွေ ကို ရယူနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/32343-2014-11-13-01-58-31

No comments:

Post a Comment