November 12, 2014

ရန်ကုန်- မန္တလေး အ မြန် လမ်း မ ကြီး ပေါ် တွင် ပေါက်တူးကိုင် နှောင့်ယှက် သူများအား ဖော်ထုတ် ဖမ်းဆီး အရေးယူ ဆောင်ရွက် လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၉
အမြန်လမ်း ရဲတပ်ဖွဲ့ အနေဖြင့် အမြန်လမ်းမကြီး မိုင်တိုင် (၉၉/ ၄) အနီးတွင် ဖြစ်ပွားခဲ့သော အရက်မူးယစ်ပြီး ပေါက်တူးကိုင်၍ ခရီးသွား ယာဉ်များအား အနှောင့် အယှက်ပေးရန် ကြံစည် ဆောင်ရွက်ခဲ့သည့် ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၆ ရက် ညနေ ၅နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အတိုင်း နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ကိုယ်ပိုင်ယာဉ် ငယ်လေးစီးအား ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်း ရဲစခန်း အပိုင်  မိုင်တိုင် အမှတ်(၉၉/၄) အရောက်တွင် အမြန်လမ်း၏ အနောက်ဘက်ခြမ်း အပိုင်းတွင် ရပ်နေသူများထဲမှ လူတစ်ဦးသည် ၎င်းကိုင်ထားသည့် ပေါက်တူးဖြင့် ယာဉ်အား အန္တရာယ်ပြုသည့် သဘောဖြင့် ချိန်ရွယ်ရမ်းခဲ့ကြောင်း နိုဝင်ဘာ ၇ရက် Facebook လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြပါ ရှိခဲ့သည်။
ဖော်ပြပါ သတင်းနှင့် ပတ်သက်၍ နေပြည်တော်ရှိ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်း ဦးစီး၍  အခင်းဖြစ်ပွားရာ နေရာ တစ်ဝိုက်အား စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ပွားသည့် ညနေ ၅နာရီတွင် မိုင်တိုင်အမှတ် (၉၉/၄)အနီး၌ ညွန့်ဝင်း ပါသုံးဦးမှာ အရက်မူး၍ အမြန်လမ်း အနောက် ဘက်လမ်း အစပ်တွင် ရပ်နေသည်ကို တွေ့ရှိရ ကြောင်း၊ ၎င်းတို့သုံးဦးမှာ ကျောက်တံခါးမြို့ နယ် ဆင်ဇလုပ် ကျေးရွာအုပ်စုနေ ညွန့်ဝင်း၊  ကိုလင်းနှင့် ဝင်းထူး(ခ) ကရင်တို့ သုံးဦးဖြစ်ကြောင်း  စုံစမ်း သိရှိရပြီးနောက် အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များမှ ညွန့်ဝင်း(ဘ)ဦးဖိုးကံ ဆင်ဆိပ်ကလေး ကျေးရွာ ကျောက်တံခါးမြို့နယ် နေသူအား မိုင်တိုင် (၉၉/၄)နှင့် (၉၉/၅) ကြားလမ်း၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ လယ်တဲမှလည်းကောင်း၊ ကိုလင်း (ဘ)ဦးပွ ကျောက်ခဲကုန်းကျေးရွာ ကျောက်တံခါး မြို့နယ်နေသူအား အမြန်လမ်း အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ လယ်တဲမှ လည်းကောင်း ရှာဖွေတွေ့ရှိ ခဲ့သဖြင့် ခေါ်ယူ စစ်ဆေးခဲ့ရာ ၎င်းတို့မှာ အခင်းဖြစ်ပွားသည့် နေ့တွင် ညွန့်ဝင်း ၏ လယ်တဲ၌ စု၍ အရက်သောက်ကြကြောင်း၊ အရက် သောက်နေစဉ် ၎င်းတို့ သုံးဦးနှင့်အတူ ဇော်မိုးထက်နှင့် အရှည်ကြီးဆိုသူ တို့လည်း ပါဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။
အမှုနှင့် ပတ်သက်၍ အရက်ဝိုင်းဖွဲ့ သောက်ခဲ့သည့် ဇော်မိုးထက် (ဘ)ဦးကြည်ဝင်း လယ်လုပ်၊ ဆင်ဆိပ်ကလေး ကျေးရွာ ကျောက်တံခါး မြို့နယ် နေသူအား စစ်ဆေး ခဲ့ရာ ညနေ ၅ နာရီတွင် ညွန့်ဝင်း၊ ကိုလင်းနှင့် ကရင်(ခ) ဝင်းထူးတို့မှာ လယ်တဲမှ အရက်သောက်ပြီး အမြန်လမ်းဘက်သို့ ထွက်သွားခဲ့၍ မိုင်တိုင် (၉၉/၄)အနီး လမ်းလယ် ကျွန်းတွင် ရပ်နေခဲ့ကြောင်း သက်သေ ထွက်ဆိုချက်အရ သိရှိရသည်။
သို့ဖြစ်၍ အမြန် လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသော ခရီးသွား ယာဉ်ငယ်များအား ပေါက်တူးဖြင့် ချိန်ရွယ်ပြီး အန္တရာယ် တစ်စုံတစ်ရာ ဖြစ်စေရန်နှင့် လုယက်မှု ပြုလုပ်ရန်အတွက် ပြစ်မှုအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း မရှိသော်လည်း အမြန်လမ်းမ ကြီးပေါ်တွင် သွားလာလျက် ရှိသော ခရီးသွား ယာဉ်ငယ်များအား စိတ်အနှောင့် အယှက်ဖြစ် စေရန်အတွက် သော်လည်းကောင်း၊
အန္တရာယ် ဖြစ်စေရန် အတွက်သော်လည်းကောင်း အရက်သေစာ သောက်စားထားပြီး ပေါက်တူးဖြင့် ချိန်ရွယ်၍ ယာဉ်များအား နှောင့်ယှက်ခဲ့သည့် ညွန့်ဝင်းပါ သုံးဦးအား  ဥပဒေအရ အရေးယူရန် မြို့ချောင်း အမြန်လမ်း ရဲစခန်း (ပ)၁၃/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၇၉-က အရ အမှုဖွင့် အရေးယူ ထားကြောင်းနှင့် တရားခံညွန့်ဝင်းနှင့် ကိုလင်းတို့ နှစ်ဦးအား ၇နာရီ မိနစ် ၄ဝတွင် အမှုဖြင့်စစ်ဆေး ဖမ်းဆီးပြီး ကျန်ရှိသော တရားခံ ကရင် (ခ)ဝင်းထူးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။      
http://myawady.net.mm/allnews/headline/item/54373-2014-11-10-10-26-58

No comments:

Post a Comment