November 14, 2014

မောင်တောမြို့နယ်၌ ဟိုတယ်ဇုန် တစ်ခု တည်ဆောက်ရန် လုပ်ငန်း လျာထား

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဟိုတယ်ဇုန်တစ်ခု တည်ဆောက်ရန် လုပ်ငန်း လျာထားပြီး
 အကောင် အထည်ဖော် ဆွေးနွေးနေကြောင်း ရခိုင်ပြည်နယ် စီးပွားရေး ဝန်ကြီးဌာနမှ   တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
''မောင်တောမှာ ကုန်သွယ်ဇုန်တစ်ခု တည်ဆောက်ဖို့ ရှိပါတယ်။ ဒီကုန်သွယ်ဇုန်ကို တည်ဆောက်ပြီးရင် အဲ့ဒါကိုမှီပြီး ဟိုတယ်ဇုန် ဆက်လုပ်ဖို့  အကြမ်းအားဖြင့်  ဆွေးနွေး ထားတာပါ''ဟု   ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ဟိုတယ်ဇုန်ကို မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာ အနီးတွင် တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သော်လည်း အချိန်ကာလကို   မသတ်မှတ်ရသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ ငပလီ ဟိုတယ်ဇုန်၊ မြောက်ဦး ဟိုတယ်ဇုန်တို့ရှိပြီး မောင်တော ကုန်သွယ်ဇုန်ကို မောင်တောမြို့နယ် အလယ်သံကျော်၌ တည်ဆောက်ရန် လျာထားပြီး ဖြစ်ကာ အဆိုပါကုန်သွယ်ဇုန်၌  ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ကုန်စည် ကူးသန်းရေး  အဓိက ထားရန် စီစဉ်ထားကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/54612-2014-11-13-09-40-48

No comments:

Post a Comment