November 27, 2014

ခြောက်ပွင့်ဆိုင်မည့် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဒေါက်တာ အေးမောင်ကို ရွေးချယ်

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားပြု တစ်ဦးဖြစ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကို နိုဝင်ဘာ ၂၇ ရက် နံနက် ပိုင်းက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်လိုက်သည်။
19-12-politics-Party-Leader-Encounter-03
ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေဆုံပွဲကို ရန်ကုန်မြို့ တိုင်းလွှတ်တော်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ယမန်နေ့ညကလည်း ရွေးချယ်နိုင်ရေးအစည်းအဝေးပြုလုပ်ခဲ့သော်လည်း ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ပေ။ “လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်ပေးသွားမယ်” ဟု ချင်းတိုးတက်ရေးပါတီ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်းက နိုဝင်ဘာ ၂၆ ရက် ညပိုင်းက ပြောသည်။ သို့သော် ၎င်းက မည်သည့်အတွက်ကြောင့် သဘောတူညီမှု မရခဲ့သည်ကိုမူ မပြောကြားခဲ့ပေ။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်က ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဖွဲ့စည်းပုံပြင်ရေးအတွက် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်တွင်းရှိ တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးပါဝင်မည့်ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲအတွက် တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးရွေးချယ်နေခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်အတွင်းရှိ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၇၀ ကျော်ကို ကိုယ်စားပြုသည့် ပါတီ ၁၉ ပါတီမှ ကိုယ်စားလှယ် ၁၉ ဦး ကို ယနေ့နံနက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်တွင် နာမည်စာရင်း တင်သွင်းရန် ညွှန်ကြားခဲ့သည် ဟု တိုင်းရင်းသား ကိုယ်စားလှယ်များက ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/33416-2014-11-27-04-01-54

No comments:

Post a Comment