November 14, 2014

ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်ရေးအပါအ၀င် အချက်ရှစ်ချက်ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ဂျပန်သဘောတူ

ရန်ကုန်မြို့တော်သယ် ယူပို့ဆောင်ရေးစနစ်  ပြုပြင် ပြောင်းလဲရေးနှင့် ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးပူးပေါင်း ဆောင်ရွက်ရန်အပါအ၀င် အချက်ရှစ်ချက်ကို   အာဆီယံထိပ်သီး အစည်းအဝေးတွင် ဂျပန်နှင့် မြန်မာနှစ်နိုင်ငံ အစိုးရကြား သဘောတူညီချက်ရရှိသွားပြီဖြစ်သည်။
သမ္မတဦးသိန်းစိန်နှင့် ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သီး သန့်တွေ့ဆုံမှုမှတစ်ဆင့် မြန်မာ -ဂျပန်သဘောတူညီချက်ရရှိ သွားသည့် အချက်များမှာ ကျန်း မာရေး၊ ပညာရေးကဏ္ဍများ ပူး ပေါင်းဆောင်ရွက်ရန်၊ ဆောက် လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့်   ဆောက်လုပ်ရေးဆိုင်ရာ အရင်းအမြစ်များ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ဆက် သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရန်၊ SMEs ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ သီလ၀ါနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေးစနစ်ပြုပြင်ပြောင်းလဲရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးတွင် ပူးပေါင်း ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးပူးပေါင်း ဆောင်ရွက်ရန် စသည့်အချက်တို့ ကို ဂျပန်နိုင်ငံဘက်က သဘော တူညီခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဂျပန်နိုင်ငံအနေဖြင့် အသိအမှတ် ပြုသဘောကျကြောင်းနှင့် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီကျင့်သုံးလာ မှုကို အားပေးကြောင်း ဂျပန်ဘက် က ပြောကြားခဲ့သည်။

အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွားကို အထောက်အကူဖြစ်စေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင်
ပါဝင်ရင်းနှီးမြှုပ်နှံရန် သမ္မတ ဦးသိန်းစိန်က အာဆီယံ-ဂျပန်ထိပ်
သီးအစည်းအဝေး၌  ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား တိုက်တွန်းပြောကြားသည်။
နေပြည်တော်တွင် ကျင်းပနေသည့် (၁၇)ကြိမ်မြောက် အာဆီယံ-ဂျပန်ထိပ်သီးအစည်းအဝေး၌ သမ္မတဦးသိန်းစိန်က ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဂျပန်သည် အာဆီယံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အာဆီယံမျှော်မှန်းချက်တစ်ခုဖြစ်သည့် အာဆီယံပေါင်းစည်းဆက်သွယ်ရေးတွင် အရေးပါသည့် သီလ၀ါအထူးစီးပွားရေးဇုန်တွင်လည်း ရင်းနှီးမြှုပ်နှံခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်ကြောင်း ဦးသိန်းစိန်က ပြောကြားသည်။
 အာဆီယံ-ဂျပန်ဆက်ဆံရေးမှာ ၂၀၁၃ ခုနှစ်တွင် အနှစ် (၄၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဂျပန်က အာဆီယံနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ်များကို အဓိကကူညီနေသည့် နိုင်ငံလည်း ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားသည်။
  အာဆီယံကို ပေါင်းစည်းဆက်သွယ်ရေးအတွက် ပိုမိုအရေးပါသည့်သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတို့တွင် ဂျပန်နိုင်ငံအနေဖြင့်လာရောက်ရင်းနှီးမြှုပ်နှံခြင်းကဒေသ၏ အကျိုးစီးပွားကို သက်ရောက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
http://7daydaily.com/story/24788#.VGQgp1cYuM8

No comments:

Post a Comment