November 14, 2014

မန်း-စစ်ကိုင်းလမ်းဘေး ကျူးအိမ်များ ဆက်လက်နေထိုင်မည်


Illegal-Area-01

မန္တလေး-စစ်ကိုင်းလမ်းဘေးရှိ ကျူးကျော်နေထိုင်သော အိမ်ကိုးလုံးကို နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား ဖယ်ရှားရမည်ဟု စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားစာ ပို့ထားသော်လည်း ဆက်လက်နေ ထိုင်သွားမည်ဟု စာရရှိသော ဦးမျိုးမင်းသန့်က ပြောသည်။



စစ်ကိုင်း-မန္တလေး ကားလမ်းဘေးရှိ ကျူးကျော်နေထိုင်သည်ဟု စည်ပင်သာယာက သတ်မှတ်ထားသော အိမ်များအနက် အိမ် ၉ လုံးကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၃ ရက်နံနက်ပိုင်းက ဖယ်ရှားရန်စီစဉ်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
နေအိမ်များ ဖယ်ရှားခိုင်းမှုနှင့်ပတ်သက်၍ ဖယ်ရှားခံရမည့်သူများက နိုဝင်ဘာ ၁၁ရက်၊ မွန်းလွဲ ၂ နာရီ တွင်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြောင်းကြားစာကို နိုဝင်ဘာ ၅ ရက်တွင် ကျူးဟု သတ်မှတ်ထားသော နေအိမ်များကို ပေးပို့ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ကို လမ်းမလွတ်လို့ ဆိုပြီး ဖယ်ခိုင်းတိုင်း နောက်ဆုတ်ပေးခဲ့တယ်။ အကြိမ်ကြိမ်ဆုတ်ပေးခဲ့ ရတယ်။ အခု တစ်ကြိမ်က နေစရာအိမ်ပါ ဖျက်ရမယ်ဆိုတော့ ကျွန်တော်တို့ မိသားစုတစ်တွေ ဘယ်သွား နေမလဲ။ ဒါကြောင့် ဆက်နေမယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ အကြောင်းကြားစာထဲတွင် မန္တလေး-စစ်ကိုင်းလမ်းမြေပေါ်သို့ ကျူးကျော်တည်ဆောက်ထားသော နေအိမ်များ နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးဖယ်ရှားဖျက် သိမ်းပေးရန်နှင့် သတ်မှတ်ရက်အတွင်း ဖျက်သိမ်း ပေးခြင်းမရှိပါက စည်ပင်သာယာ ရေးကော်မတီ အစီအစဉ်ဖြင့် ဖျက်သိမ်းရှင်းလင်းသွားမည်ဖြစ်ပြီး ဖြစ်ပေါ် လာသော ပျက်စီးဆုံးရှုံးမှုများနှင့် ဖျက်သိမ်းခ ကုန်ကျငွေကို အိမ်ရှင်များက ကျခံရမည့်အပြင် တရားစွဲဆိုမှုခံ ရမည်ဟုပါရှိသည်။
အဆိုပါနေရာတွင် နှစ်ပေါင်း ၈၀ ကျော် ဘိုးဘွားစဉ်ဆက်နေထိုင်လာကြသူများ ဖြစ်ပြီး အိမ်ခွန်၊ မြေခွန်များ ပေးဆောင်ခဲ့ကြသည်ဟု ဖယ်ရှားခံရမည့်သူများက ဆိုသည်။
မန္တလေး-စစ်ကိုင်းလမ်းဘေးရှိ နေအိမ်များထဲမှ အိမ်ကိုးလုံးသာ စည်ပင်ကဖယ် ခိုင်းသည်ကို နားမလည်ကြောင်း ဦးမောင်မောင်လေး က ပြောသည်။
အဆိုပါနေအိမ်များ ဖယ်ခိုင်းခြင်းသည် လမ်းမြေပေါ်တွင် ကျူးကျော်၍ တည်ဆောက် ခြင်းဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အတွင်းရေးမှူး ဦးခင်မောင်တင်က ပြောသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/32352-2014-11-13-05-28-08

No comments:

Post a Comment