November 26, 2014

တစ်လကျပ်သုံးသောင်းသွင်းအိမ်ရာစီမံကိန်း ကြပ်မတ်စစ်ဆေးရန် အစိုးရတွင်တာဝန်ရှိ

တစ်လလျှင် ကျပ်သုံး သောင်းသွင်းစနစ်ဖြင့် တည် ဆောက်အကောင်အထည်ဖော် မည်ဆိုသည့် အိမ်ရာစီမံကိန်း အတွက် သက်ဆိုင်ရာကုမ္ပဏီက ငွေကြေး ကောက်ခံမည့်အပေါ် အစိုးရက စစ်ဆေးကြပ်မတ်ရန် တာဝန်ရှိကြောင်း ပညာရှင်များ နှင့် စောင့်ကြည့်သူများက ထောက်ပြသတိပေးပြောကြားသည်။
 အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု Royal Summit ကုမ္ပဏီက ဧပြီလကတည်းက ကြေညာထားခြင်း ဖြစ်ပြီးဝယ်ယူလိုသူများ၏ လျှောက်လွှာများကို အောက်တို ဘာလကုန်အထိ တောင်းခံခဲ့သည်။ ထို့နောက် လျှောက်ထားသူအရေအတွက်မှာ ယနေ့အထိ နှစ်သိန်းနီးပါးရရှိထားပြီဟု ယင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ထုတ်ဖော်ပြောကြား ထားသည်။
စီမံကိန်းအကောင်အထည် ဖော်မည့်မြေနေရာကို မသတ်မှတ်ရသေးသော်လည်း အဆိုပြု လျှောက်လွှာတင်ထားသူများအား ယခုနှစ်ကုန်မှစ၍ သတ်မှတ်ငွေကြေးပေးသွင်းနိုင်စေရန်  မျှော်မှန်းလုပ်ဆောင်နေကြောင်း ဦးသန်းဦးက ပြောသည်။

‘‘မြန်မာနိုင်ငံ ကုမ္ပဏီအက် ဥပဒေအရ အများပြည်သူစုပေါင်း ရှယ်ယာထည့်ဝင်ဆောင်ရွက်ရ တဲ့လုပ်ငန်းတွေကို လုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူး။ ကုမ္ပဏီခိုင်မာမှု ရှိကြောင်းပြရမယ်၊ တရားဝင်ဖွဲ့ စည်းထားတဲ့ ကုမ္ပဏီဖြစ်ရမယ်။ အများပြည်သူဆီက ငွေကြေး ကောက်ခံပြီး လုပ်မယ်ဆို ဗဟို ဘဏ်က ပြဋ္ဌာန်းထားချက်တွေနဲ့ လည်း ညီညွတ်မှုရှိအောင် အဆင့် ဆင့်စိစစ်လိုက်နာရမှာတွေရှိ တယ်။ တရားဝင်သတ်မှတ်ချက် တွေနဲ့ညီညွတ်ပြီး ထောက်ခံအသိ အမှတ်ပြုချက်ရမှသာ လုပ်ငန်း ဆောင်ရွက်ခွင့်ရှိတယ်။ ဒီလို အဆင့်ဆင့်ဆောင်ရွက်ထားခြင်း မရှိဘဲ ငွေကြေးကောက်ခံဆောင် ရွက်ရင်  ဒါဥပဒေချိုးဖောက်တာ ပဲ။ အဲဒီအတွက် စစ်ဆေးမှုတွေ လုပ်သင့်တယ်’’ဟု ဥပဒေလမ်း ညွှန်နှင့် စီးပွားရေးပညာရှင် ဦးတင်သန်းဦးက ပြောသည်။
ယင်းကုမ္ပဏီအနေဖြင့် စီမံ ကိန်းဆောင်ရွက်မှုအတွက် သက် သေပြစရာတစ်စုံတစ်ရာချပြထား နိုင်ခြင်းမရှိသေးသော်လည်း ငွေ ကြေးထည့်ဝင်မှုကို စတင်လက်ခံ ပါက တစ်ဦးလျှင်ကျပ်သုံးသောင်း လျှောက်ထားသူနှစ်သိန်းရှိပါက တစ်လလျှင် ကျပ်သိန်းပေါင်း ခြောက်သောင်းခန့်ဝင်မည်ဖြစ် သည်။
  အဆိုပါထည့်ဝင်ငွေကို ကုမ္ပဏီက တိုက်ရိုက်ကိုင်တွယ် သုံးစွဲမည်မဟုတ်ဘဲ သက်ဆိုင်ရာအစိုးရအဖွဲ့၏ ငွေစာရင်းအကောင့်မှတစ်ဆင့်သာသွားမည်ဟု ဒါရိုက်တာ ဦးသန်းဦးက ဖြေရှင်းပြော ကြားသည်။ သို့သော် ယင်းကုမ္ပဏီနှင့်ပတ်သက်၍ တစ်စုံတစ်ရာသိရှိထားခြင်းမရှိသကဲ့သို့ မည်သည့်အဆက်အသွယ်မှလည်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘အစိုးရအနေနဲ့ သူနဲ့မပတ် သက်ဘူးဆိုပေမယ့် ဒါကိုလျစ် လျူရှုနေလို့မရဘူး။ အရင်ကလည်း ဒါမျိုးဆွဲဆောင်မှု  ဖြစ်စဉ်တွေကြောင့် ပြည်သူတွေဒုက္ခ ရောက်ခဲ့ရတဲ့ သာဓကတွေရှေ့မှာ ရှိခဲ့တယ်။ ကုမ္ပဏီကိုစစ်ဆေး ကြပ်မတ်ပြီး ပြည်သူတွေကို သတင်းစကားပေးသင့်တယ်။ ပြည်သူတွေကုန်ကျမယ့်ငွေကြေးအတွက် အစိုးရက အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ လာမည့်လွှတ်တော်တွင် တိုင်းဒေသကြီးအစိုးရသို့ မေးခွန်းမေးမြန်းသွားရန် စီစဉ်ထားကြောင်း ၎င်းကပြောသည်။
‘‘အစိုးရဘက်က စိစစ်မှုအား နည်းလို့ပဲ   လုပ်တဲ့သူတွေက ဥပဒေနဲ့မညီဘဲ ရဲရဲတင်းတင်း လုပ်လာကြတာတွေ့နေရတယ်။ သူက သဘောရိုးနဲ့လုပ်သည်ဖြစ် စေ၊ မသမာမှုနဲ့ပဲဖြစ်စေ စတင် ကြေညာတဲ့အချိန်ကတည်းက စစ်ဆေးကြပ်မတ်ပြီး ပြည်သူ အကျိုးအတွက် ရပ်တည်အကာ အကွယ်ပေးရမှာ အစိုးရတာဝန် ပဲ’’ဟု ဆောက်လုပ်ရေးလုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။
သံသယများနှင့်အတူ ဝေဖန်မှုများရှိနေသော်လည်းဖြစ်အောင်ဆက်လုပ်သွားမည်ဟု ဦးသန်းဦးက ဆိုပါသည်။
http://7daydaily.com/story/25635#.VHQLqVcYuM8

No comments:

Post a Comment