November 27, 2014

ဝယ်ယူသူမရှိ၍ ကွန်ဒိုနှင့် တိုက်ခန်းဈေးနှုန်းများ လျော့ကျဟုဆို

အရောင်းအဝယ် အေးသော်လည်း ကာလအတန်ကြာ ဈေးနှုန်းလျော့ကျခြင်း မရှိခဲ့သော ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ယခုလမှ စတင်ကာ ကွန်ဒိုနှင့် တိုက်ခန်းဈေးနှုန်းများ စတင်လျော့ကျလာကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ရောင်းများက ၎င်းတို့ ဝယ်ယူထားသော တိုက်ခန်း၊ ကွန်ဒိုများကို ပြန်လည်ရောင်းချနိုင်ရန် ဈေးလျှော့ခြင်း ဖြစ်ကြောင်း ပြည်ကြီးတံခွန်၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

“အရင်က သိန်း ၃၂၀၀ လောက်နဲ့ ရောင်းမယ့် ကွန်ဒိုတစ်ခန်းဆို အခု ၃၀၀၀ လောက်နဲ့ ရောင်းမယ်ဖြစ်နေတယ်။ ဒါပေမဲ့ အခုထိတော့ ဝယ်သူမရှိသလောက်ပဲ” ဟု ၎င်းက ပြောဆိုသည်။

ရောင်းချမည့်သူ ရှိသော်လည်း ဝယ်ယူသူ မရှိသောကြောင့် ဈေးနှုန်းကျဆင်းသည့်အပြင် နိုင်ငံခြားသား ငှားရမ်းသူများ လျော့နည်းလာခြင်းကြောင့် အငှားဈေးနှုန်းများပါ ကျဆင်းလာကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်ချောဆုက ပြောကြားသည်။

“ရန်ကုန် တစ်မြို့လုံးနီးပါး ဖြစ်နေတာဆိုတော့ အရင်လို ဈေးတက်ဖို့ မပြောနဲ့။ ဒီအတိုင်း ဈေးငြိမ်နေဖို့တောင် တော်တော်ခက်တယ်” ဟု ၎င်းကဆိုသည်။
http://www.thevoicemyanmar.com/index.php/news/item/4327-wyt

No comments:

Post a Comment