၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ယနေ့ ကျင်းပမည့်
ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် စတင် ဆွေးနွေးမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
ယခုလ ၁၃ ရက်မှစတင်ကာ ၂၁ ရက်အထိ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကာ တပ်မ
တော်သား လွှတ်တော်ကိုယ်စားလှယ်များအပါအ၀င် လွှတ်တော် အတွင်းရှိ
နိုင်ငံရေးပါတီအသီး သီးမှ စုစုပေါင်းကိုယ်စားလှယ် ဦးရေ တစ်ရာကျော်
ဝင်ရောက်ဆွေးနွေးရန်ရှိသည်။
ယနေ့ (နိုဝင်ဘာ ၁၃) တွင် ပြည်ထောင်စုလွှတ်တော်တွင် စတင်ဆွေးနွေးမည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်
၁၅ဦး စတင်ဆွေးနွေးမည်ဖြစ်ရာ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၅ ဦး၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃
ဦးနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်အချို့
ဝင်ရောက်ဆွေးနွေးမည်ဖြစ်သည်ဟု နိုဝင်ဘာ ၁၃ ရက်တွင်
ကျင်းပမည့်ပြည်ထောင်စုလွှတ်တော် လျာထားချက်အစီအစဉ်အရ သိရသည်။၂၀၀၈
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် ၍ ပြည်ထောင်စုလွှတ်တော်တွင်
ဆွေးနွေးသည့်အခါ လက်ရှိအာ ဏာရပါတီဖြစ်သော ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၀ ခန့်၊အတိုက်အခံပါတီဖြစ်သော အ
မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃၀
ခန့်နှင့်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄၀ နီးပါး ၀င်
ရောက်ဆွေးနွေးကြရန်ရှိသည် ဟုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
ဝင်ရောက်ဆွေးနွေးရန် နာမည်စာရင်းပေးထားသည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က ပြည်ထောင်စုလွှတ် တော်သို့
တင်သွင်းခဲ့သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင် ရေးအကောင်အထည်ဖော်မှု
ကော်မတီ၏ အစီရင်ခံစာတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ပေါင်း ၄၅၇
ခုရှိရာတွင် ပုဒ်မ ပေါင်း ၂၁၀ ကျော်ကိုပြင်ဆင်ရန် ပါရှိသည်။
‘‘ဒီဆွေးနွေးပွဲတွေကို စိတ်ဝင်စားကြပါ။ လိုက်ပြီး နားထောင်ကြပါ။
ဘယ်သူတွေက ဘာပြောနေတယ်၊ ဘယ်သူတွေက တကယ်ပဲပြည်သူ့ဆန္ဒကို လေးစားတယ်ဆိုတာကို
လေ့လာကြပါ’’ဟု နိုဝင်ဘာ ၈ ရက်က ကယားပြည်နယ်တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲ၌
ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရန် လူထုက မည်သို့ ကူညီရမည်နည်း
ဟူသော အမေးကို ဖြေကြားခဲ့သည်။
http://7daydaily.com/story/24821#.VGQXh1cYuM8
No comments:
Post a Comment