ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ
ကျင်းပမည့် Miss Intercontinentel 2014 ပြိုင်ပွဲ၌ ကချင်တိုင်းရင်းသူ
အလှမယ် အိန်ဂျယ်လမုန်က မြန်မာရိုးရာဝတ်စုံအဖြစ် တိုင်းရင်းသားများ၏
ရိုးရာအဆင်တန်ဆာများစုံလင်စွာ စုပေါင်းအလှဆင်ထားသည့် ၀တ်စုံဖြင့်
ပထမဆုံးဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် Miss
Golden Land Myanmar အဖွဲ့အစည်းမှကိုဝေယံအောင်က ပြောဆိုသည်။
အလှမယ်ပြိုင်ပွဲကြီးများတွင် ယခင်က ရိုးရာဝတ်စုံအဖြစ် တိုင်းရင်းသားလူမျိုး
တစ်ခုချင်းစီ၏ ရိုးရာဝတ်စုံများကိုသာ ၀တ်ဆင်ယှဉ်ပြိုင်ကြသော်လည်း ယခုပြိုင်ပွဲ
တွင် အလှမယ်က တိုင်းရင်း သားပေါင်းစုံ၏ အဆင်တန်ဆာများကို စုပေါင်းပြီး
အလှဆင်ထားသည့် ဒီဇိုင်နာ မပုံ့၏ လက်ရာဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်
ကြောင်း သိရသည်။
" ကျွန်တော်တို့ Miss Golden Land Myanmar အဖွဲ့အစည်းက ရွေးချယ်
ထားတဲ့ အလှမယ်လေးတွေငါးဦးကို ဒီနှစ်အတွက် ရိုးရာဝတ်စုံတွေကို အကုန်အကျခံပြီး
လှပဆန်းကြယ်စွာ ချုပ်လုပ်ထားတာဖြစ်ပါတယ်။ အလှမယ် အိန်ဂျယ်လမုန်ရဲ့ ၀တ်စုံ
ဟာဆိုရင်လည်း လီဆူး၊ ကချင်၊ အာခါး၊ ပဒေါင်၊ ချင်းတို့ရဲ့ ရိုးရာအဆင်တန်ဆာတွေကို
ပေါင်းစပ်ပြုလုပ်ထားတာဖြစ်လို့ ဒီအတိုင်းကြည့်လိုက်ရင် တိုင်းရင်းသားလူမျိုးစုတစ်စုရဲ့
ဝတ်စုံလို့ထင်မှတ်ဖွယ်ရာရှိပါတယ်။ ၀တ်စုံကလည်းလေးလံပြီး အမြင်ထူးခြားမှုရှိ
ပါတယ် " ဟု Miss Golden Land Myanmar အဖွဲ့အစည်းမှ ကိုဝေယံအောင်က
ပြောဆိုသည်။
Miss Golden Land Myanmar အဖွဲ့အစည်းသည် မကြာသေးမီက
သွားရောက်ယှဉ်ပြိုင်ခဲ့သည့် Miss Grand Myanmar အလှမယ် အမ်ဂျာဆိုင်း
အတွက် ရိုးရာဝတ်စုံကိုလည်း အမေရိကန်ဒေါ်လာထောင်ချီ အကုန်အကျခံ ချုပ်လုပ်ခဲ့
သည့်အပြင် ဟောင်ကောင်တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် Miss Face of Beauty
Myanmar အလှမယ် ဟယ်လင်မျိုးကိုကလည်း ရိုးရာဝတ်စုံအဖြစ် ဒေါင်းပျိုမသဏ္ဌာန်
ဝတ်စုံဖြင့် အကောင်းဆုံးရိုးရာဝတ်စုံဆုကို ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအလှမယ် အိန်ဂျယ်လမုန်သည် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ပြိုင်ပွဲဝင်ရန်
ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
http://www.mmstd.com/news/view/3946/?lang=my
No comments:
Post a Comment