November 14, 2014

၂ဝ၁၅ ခုနှစ် အလွန် ရင်ဆိုင်ကြုံတွေ့ရမည့် ကိစ္စရပ်များမှာ စိန်ခေါ်မှုအဖြစ်ရှိနေကြောင်း (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲအဖွင့်တွင် သမ္မတ ဦးသိန်းစိန် ပြောကြား

၂ဝ၁၅ ခုနှစ်အလွန် ရင်ဆိုင်ကြုံတွေ့ရ မည့် ကိစ္စရပ်များမှာ စိန်ခေါ်မှုအဖြစ် ရှိနေ ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်သော (၂၅)ကြိမ်မြောက် အာဆီယံထိပ် သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေး ဖွင့်ပွဲတွင် သမ္မတဦးသိန်းစိန်က ပြောကြား ခဲ့သည်။

၂ဝ၁၄ ခုနှစ်အတွက် အာဆီယံအလှည့် ကျ ဥက္က|အနေဖြင့်ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ အဖွင့်စကားတွင် အာဆီယံ က ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ် သက်၍ ပြောကြားရာ၌ ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဆီယံအနေနဲ့ အာဆီယံ အသိုက် အဝန်းသုံးရပ်ရဲ့ လမ်းပြမြေပုံများကို အ ကောင်အထည်ဖော်နေတဲ့ လုပ်ငန်းရပ်များ ဟာလည်း ၈ဝ ရာခိုင်နှုန်းမျှ ပြီးစီးနေပေမယ့် လည်း ကျန်ရှိနေသေးတဲ့ ၂ဝ ရာခိုင်နှုန်း အ ကောင်အထည်ဖော်ရေးဟာ အဓိက စိန်ခေါ် မှုတစ်ရပ် ဖြစ်သလို၊ ၂ဝ၁၅ ခုနှစ်အလွန် ကာလမှာ ထွက်ပေါ်လာမယ့် အာဆီယံ အ သိုက်အဝန်းအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့်  ကိစ္စရပ်တွေဟာလည်း စိန်ခေါ်မှုများအဖြစ် ရှိနေမှာ ဖြစ်ပါတယ်”ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။

 မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္က| တာဝန်ယူချိန် အပြီးသတ်အနေဖြင့် ပြုလုပ်သော အစည်းအဝေးအတွက် အဖွင့်  မိန့်ခွန်းတွင် အာဆီယံအနေဖြင့် ယခုနှစ်အ တွင်း အဓိကကျသည့် လုပ်ငန်းစဉ်နှစ်ရပ်ကို စတင်နိုင်ခဲ့သည်ဟု သမ္မတက ထည့်သွင်း ပြောကြားသည်။

စတင်နိုင်ခဲ့သည်ဆိုသော လုပ်ငန်းနှစ် ရပ်မှာ အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံအဖွဲ့အစည်းများကို ဆန်းစစ်ခြင်း နှင့် အာဆီယံအနာဂတ်အတွက် မျှော်မှန်း ချက်အသစ်တစ်ရပ် ချမှတ်နိုင်ရန် လုပ်ငန်း များ စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်း တို့ ဖြစ်သည်။

ယင်းထိပ်သီး အစည်းအဝေးတွင် အာ ဆီယံနိုင်ငံခေါင်းဆောင်များသည် အာဆီယံ အသိုက်အဝန်းထူထောင်ရေးကိစ္စရပ်များ၊ ၂ဝ၁၅ ခုနှစ်လွန် အနာဂတ်အာဆီယံအသိုက် အဝန်းအတွက် မျှော်မှန်းချက်ချမှတ်ရေးကိစ္စ၊ အာဆီယံအဖွဲ့အစည်းများအား ပိုမိုခိုင်မာစေ ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ဒေသ ဆိုင်ရာနှင့်နိုင်ငံတကာရေးရာ ကိစ္စရပ်များ အပေါ်အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရ သည်။

ထိပ်သီးအစည်းအဝေးတွင် အာဆီယံ နိုင်ငံခေါင်းဆောင်များသည် ၂ဝ၁၅ ခုနှစ် အလွန် အာဆီယံအသိုက်အဝန်း ထူထောင် ရေးမျှော်မှန်းချက်ဆိုင်ရာ နေပြည်တော် ကြေ ညာချက်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ကို အားဖြည့်ခိုင်မာစေရေးနှင့် အာဆီယံအဖွဲ့  အစည်းများအား ပြန်လည်သုံးသပ်ရေး ကြေ ညာချက်တို့ကို အတည်ပြုခဲ့ကြသည်။

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ သို့ အာဆီယံ ၁ဝ နိုင်ငံမှ ခေါင်းဆောင်များ အပြင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန် ကီမွန်လည်း တက်ရောက်ခဲ့သည်။

ဖွင့်ပွဲတွင် သမ္မတဦးသိန်းစိန်က ၁၄ မိနစ်ခန့်ကြာ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ ခြင်းဖြစ်ပြီး အာဆီယံ၏ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သည်များနှင့် ရှေ့ဆက်လုပ်ဆောင် မည့် ကိစ္စရပ်များကို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
http://www.news-eleven.com/politic/%E1%81%82%E1%80%9D%E1%81%81%E1%81%85-%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9-%E1%80%A1%E1%80%9C%E1%80%BC%E1%80%94%E1%80%B9-%E1%80%9B%E1%80%84%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%81%BE%E1%80%80%E1%80%B6%E1%80%B3%E1%80%B1%E1%80%90%E1%80%BC%E1%82%95%E1%80%9B%E1%80%99%E1%80%8A%E1%80%B9%E1%80%B7-%E1%80%80%E1%80%AD%E1%80%85%E1%81%A5%E1%80%9B%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%99%E1%80%BD%E1%80%AC-%E1%80%85%E1%80%AD%E1%80%94%E1%80%B9%E1%80%B1%E1%80%81%E1%81%9A%E1%80%99%E1%82%88%E1%80%A1%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%B1%E1%80%94%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%81%82%E1%81%85

No comments:

Post a Comment