သမ္မတဦးသိန်းစိန်သည် G20 ထိပ်သီးအစည်းအဝေးကာ လအတွင်း သြစတြေးလျနိုင်ငံ၏
အတိုက်အခံပါတီဖြစ်သည့် လေ ဘာပါတီခေါင်းဆောင်မစ္စတာဘီ ရှော်တန်နှင့် နိုဝင်ဘာ
၁၆ ရက်က သြစတြေးလျနိုင်ငံ ဘရစ်စဘိန်း မြို့တွင်တွေ့ဆုံခဲ့ကြောင်းသတင်
းရရှိသည်။
G-20 ထိပ်သီးအစည်း အဝေးသို့တက်ရောက်ရန် လက်ရှိ အာဏာရလစ်ဘရယ်ပါတီမှ သြ စတြေးလျဝန်ကြီးချုပ်တိုနီအက် ဘော့က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး မြန်မာကိုပိတ်ဆို့မှုများစတင်ဖြေ လျှော့ပေးခဲ့ခြင်းမှာ လေဘာပါတီ အစိုးရလက်ထက်တွင်ဖြစ်၍ နှစ် ဦးနှစ်ဖက်ဆက်ဆံရေးအရ တွေ့ ဆုံခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့် အတူလိုက်ပါသွားသည့် ပြောခွင့် ရပုဂ္ဂိုလ်ဦးရဲထွဋ်ကပြောသည်။
‘‘လေဘာက အတိုက်အခံ ပါတီဖြစ်တယ်။ အခုတွေ့တဲ့ ခေါင်းဆောင်မစ္စတာဘီရှော်တန် ကို သူဝန်ကြီးဘဝက သမ္မတနဲ့ တွေ့ဖူးပါတယ်။ အခုတော့ အ တိုက်အခံပါတီဖြစ်တဲ့အတွက် တွေ့ဆုံမှုက ဘာမှတော့သိပ်မထူး ပါဘူး။ နှစ်ဖက်အမြင်ချင်းဖလှယ် တဲ့သဘောပါပဲ’’ဟု ၎င်းကပြော သည်။
နှစ်နိုင်ငံသံတမန်ဆက်ဆံ ရေးအရ အစိုးရခရီးစဉ်များအတွင်းအတိုက်အခံပါတီကို မြန်မာအစိုး ရသမ္မတအနေဖြင့် တွေ့ဆုံလေ့ မရှိသော်လည်း လေဘာပါတီမှာ ၎င်းပါတီအစိုးရဖြစ်စဉ်က မြန်မာ ကိုပိတ်ဆို့မှုများစတင်ဖြေလျှော့ ပေးခဲ့ခြင်းကြောင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်သည် သြ စတြေးလျနိုင်ငံသို့ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် တရားဝင် အလည်အပတ်ခရီးသွားရောက်စဉ် ထိုစဉ်က လေဘာပါတီမှ အမျိုးသမီးဝန်ကြီးချုပ် ဂျူလီယာဂီးလာ့ကကြိုဆိုခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံပိတ်ဆို့မှုများဖြေလျှော့ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
http://7daydaily.com/story/25146#.VGrsaFcYuM8

No comments:
Post a Comment