မန္တလေးတိုင်း
ဒေသကြီး မန္တလေးခရိုင်အတွင်း၌ လျှပ်စစ်မီး အပြည့်အဝ ရရှိနိုင်ရန်
ဓာတ်အားခွဲရုံသစ် တည်ဆောက်မှုကို ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီများနှင့်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မန္တလေး ခရိုင်အတွင်း လျှပ်စစ်မီး အပြည့်အဝ
ရရှိနိုင်ရေးအတွက် လိုအပ်သည့် ဓာတ်အားခွဲရုံ တည်ဆောက်ရန် ခွင့်ပြုမိန့်
ရရှိထားသဖြင့် လုပ်ကိုင်ခွင့်ရ လျှပ်စစ်ကုမ္ပဏီများနှင့် ပူးပေါင်း
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့်
စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
လက်ရှိအချိန်တွင် မန္တလေးခရိုင် အတွင်း
ဓာတ်အားခွဲရုံ ငါးရုံရှိပြီး မီးသုံးစွဲမှုမှာ ၇၇ ရာခိုင်နှုန်းရှိနေကာ
နွေရာသီတွင် သုံးစွဲမှု အရ ၉၂ ရာခိုင်နှုန်း ရှိမည်ဖြစ်သည့် အတွက်
လျှပ်စစ်မီး ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ရေး 100 MVA နှစ်လုံးနှင 10 MVA
ခြောက်လုံး ထပ်မံ တပ်ဆင်ရမည် ဖြစ်သည်။ ယင်းသို့ တပ်ဆင်ရေး အတွက်
လုပ်ကိုင်ခွင့် ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီမှ လတ်တလော ငွေစိုက်ကာ
အကောင်အထည် ဖော်ပေးရန် ညှိနှိုင်းနေပြီး ဘတ်ဂျက်ရပါက ကုန်ကျစရိတ် ပြန်လည်
ထုတ်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ထိုကဲ့သို့ ဓာတ်အားခွဲရုံသစ်
တည်ဆောက်ရေးတွင် ပစိဖိတ် လျှပ်စစ်ကုမ္ပဏီ အနေဖြင့် လျှပ်စစ်မီး
အပြည့်အဝရရှိရေး အကောင်အထည်ဖော်မှု အတွက် အတတ်နိုင်ဆုံး ဖြည့်ဆည်း
ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဒုတိယ အင်ဂျင်နီယာချုပ်
ဦးသန်းနိုင်က ပြောသည်။
ယင်းကဲ့သို့ စိုက်ထုတ် သုံးစွဲမည်
ဆိုသော်လည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အတွက် ပုဂ္ဂလိက ရယူထားသည့်
မြို့နယ်များ အတွက် ကုမ္ပဏီမှ စိုက်ထုတ် သုံးစွဲရန် အဆင်ပြေသော်လည်း
ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရယူထားခြင်း မရှိသည့်မြို့နယ်များ အတွက်
လိုအပ်ချက်များ ဆောင်ရွက်ရန် အခက်အခဲရှိနေသည်ကို ကုမ္ပဏီဘက်မှ
တင်ပြထားကြောင်း သိရသည်။
မန္တလေးခရိုင် အတွင်း လက်ရှိ လျှပ်စစ်မီး
သုံးစွဲမှုမှာ ၂၇၇ မဂ္ဂါဝပ်ရှိပြီး လာမည့် နွေရာသီတွင် ၃၂၂ မဂ္ဂါဝပ် ရှိလာမည်
ဖြစ်သည့်အတွက် မန္တလေးတိုင်း ဒေသကြီး အတွင်း မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အား
အပြည့်အဝ ရရှိရေးမှာ ဓာတ်အား ခွဲရုံများနှင့် ထရန်စဖော်မာများ
တိုးချဲ့တပ်ဆင်ရန် အဓိက လိုအပ်လျက် ရှိကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/54456-2014-11-11-10-03-31
No comments:
Post a Comment